သြစတြေးလျတောမီးလောင်ကျွမ်းမှုအတွက် ဒေါ်လာ (၁) သန်းလှူဒါန်းပေးခဲ့တဲ့ ခရစ်ဟမ်းစ်ဝါ့သ်

yyl-007-2.jpg

သြစတြေးလျတိုက်မှာ တောမီးလောင်မှု ကြီးကြီးမားမားဖြစ်ပွားနေပြီး တိရစ္ဆာန်များစွာ သေကြေပျက်စီးမှု တွေလည်းရှိနေပါတယ်။ အခုထိ မီးသတ်တပ်ဖွဲ့ဝင်တွေက တောမီးလောင်မှုကို ကြိုးစားငြိမ်းသတ် ပေးနေရပါတယ်။ အဲဒီတောမီးလောင်မှုအတွက် လူအားနဲ့ကူညီမပေးနိုင်တဲ့ အနုပညာရှင် တော်တော်များများကလည်း ငွေအားနဲ့ လှူဒါန်းကူညီမှုတွေ ပြုလုပ်ပေးနေပါတယ်။

အခုလည်း Marvel ဟီးရိုး Thor ဇာတ်ကောင် ခရစ်ဟမ်းစ်ဝါ့သ် (Chris Hemsworth) ဟာ သူနဲ့သူ့မိသားစုတွေက သူ့ရဲ့အမိနိုင်ငံ သြစတြေးလျအတွက် ဒေါ်လာ (၁) သန်းလှူဒါန်းပေးမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီသတင်းကို ခရစ်က သူ့ရဲ့အင်စတာဂရမ်ကနေ ဗီဒီယိုနဲ့ သူ့ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ။ သူက ငွေလှူဒါန်းခဲ့တဲ့အပြင် သူ့ရဲ့ပရိသတ်တွေကိုလည်း သြစတြေးလျနိုင်ငံအတွက် အားပေးကူညီပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

” ဟိုင်း…အားလုံးပဲ။ မင်းတို့လိုပဲ ကျွန်တော်လည်း သြစတြေးလျနိုင်ငံရဲ့ တောမီးလောင်မှုအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ပေးချင်ပါတယ်။ ကျွန်တော်မိသားစုနဲ့ ကျွန်တော်တို့က ဒေါ်လာ (၁) သန်းလှူဒါန်းပေးနေပါတယ်။ မင်းတို့လည်း ကူညီထောက်ပံ့ပေးမယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့လှူဒါန်းတဲ့ ငွေပမာဏက ဘယ်လောက်ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ကူညီထောက်ပံ့ပေးရင်ပဲ ကျေးဇူးတင်စရာကောင်းနေပါပြီ” လို့ ခရစ်က ဆိုပါတယ်။

ဒါ့အပြင် ခရစ်က မီးသတ်သမားတွေကို လှူဒါန်းကူညီမှုတွေ ပေးနိုင်ဖို့အတွက် အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေရဲ့ လင့်ခ်ကိုလည်း သူ့ရဲ့ bio မှာ ထည့်ပေးထားပါတယ်။ သြစတြေးလျနိုင်ငံရဲ့ တောမီးလောင်မှုအတွက် ကမ္ဘာတစ်ဝှမ်းက ဆုတောင်းပေးတဲ့သူတွ၊ လှူဒါန်းပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ခရစ်ဟမ်းစ်ဝါ့သ်က ပြောပါတယ်။
တောမီးလောင်မှုက သြစတြေးလျနိုင်ငံ တစ်ဝန်းမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ အဲဒီတောမီးလောင်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပြီး တိရစ္ဆာန်သန်းချီ သေဆုံးနေရပါတယ်။

Ref: Justjared “Chris Hemsworth Is Donating $1 Million to Support Fight Against the Fires in Australia”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top