စစ်မှုထမ်းကာလ ပြီးဆုံးပြီး ပြန်လည်တွေ့မြင်ရတော့မယ့် ချွိုင်စီဝန်

si.jpg

The K2 (2016) ဒရာမာစီးရီးရဲ့ မင်းသား ဂျီချန်ဝု တစ်ယောက် ဟိုတလောကမှ စစ်မှုထမ်းသွားတဲ့ သတင်းတွေရဲ့ နောက်မှာ ကြားရတဲ့ သတင်းတစ်ခုကတော့ Super Junior အဖွဲ့ရဲ့ အဖွဲ့ဝင် ချွိုင်စီဝန် ဟာ အခုဆိုရင် စစ်မှုထမ်းရာက ပြန်လာတော့မှာပဲဖြစ်ပါတယ်။

ကိုးရီးယား K-pop ခေတ်ဦးပိုင်းကတည်းက လူကြိုက်အများဆုံး အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ Super Junior အဖွဲ့ကို သိကြမယ်ထင်ပါတယ်။ အခု အဲ့ဒီ အဖွဲ့က အဖွဲ့ဝင် ချွိုင်စီဝန် တစ်ယောက် စစ်မှုထမ်းကာလ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၅ နိုဝင်ဘာလ ကတည်းက စစ်မှုထမ်းခဲ့တာမို့ ပရိသတ်တွေနဲ့ ကင်းကွာ နေခဲ့တာ နှစ်နှစ်နီးပါးရှိခဲ့တဲ့နောက် ဩဂုတ်လ ၁၈ ရက်နေ့မှာတော့ စီဝန်တစ်ယောက် ပရိတ်သတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာပါ။

Super Junior အဖွဲ့ရဲ့ အယ်ဘမ် အသစ်ကလည်း အောက်တိုဘာလမှာ ထွက်ရှိမှာမို့ စီဝန်ကို အဲ့ဒီ အချိန်မှာ ပြန်လည်တွေ့မြင်ရတော့မှာပါ။ Oh My Lady (2010), She was pretty (2015) စတဲ့ ကိုးရီးယား ဇာတ်လမ်းတွဲတွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိခဲ့တဲ့ စီဝန်ဟာ စစ်မှုထမ်းရာက ပြန်လာတဲ့နောက်မှာလည်း ဒရာမာစီးရီးတွေ ဆက်လက်ရိုက်ကူးနေဦးမှာပဲ ဖြစ်ပါတယ်။

သူ့ကို ကမ်းလှမ်းလာတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ရှိနေပေမယ့် ဘယ်တစ်ခုကို ရွေးချယ်ရိုက်ကူးသွားမလဲ ဆိုတာကိုတော့ အတည်မပြုရသေးဘူးလို့ စီဝန်ရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment က ပြောပါတယ်။

Ref: Dramafever: What will Siwon do after he completes his military service​?
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top