“Kung Fu Hustle” ဇာတ်ကားရဲ့ နောက်ဆက်တွဲကိုရိုက်ကူးတော့မယ့် စတီဖင် ချောင် (Stephen Chow)

Kung-Fu-Hustle-feature.jpg

လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ဟောင်ကောင်မင်းသားကြီး စတီဖင် ချောင် (Stephen Chow) ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကွန်ဖူးဟာသရုပ်ရှင်ဇာတ်ကား Kung Fu Hustle ရဲ့ နောက်ဆက်တွဲကို ဆက်လက်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

Apple Daily သတင်းဌာနရဲ့အပြောအရ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ “The New King Of Comedy” ရုပ်ရှင်ကားပရိုမိုးရှင်းပွဲမှာ စတီဖင် ချောင်က “Kung Fu Hustle 2” ဇာတ်ကားအကြောင်း ပရိသတ်တွေကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

“Kung Fu Hustle”ကို နောက်ဆက်တွဲရိုက်ကူးမယ့်သတင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ရှိနေခဲ့တာဖြစ်ပြီး အခုတော့ စတီဖင် ချောင်ကိုယ်တိုင်က “Kung Fu Hustle 2” ကို ရိုက်ကူးဖို့စီစဉ်နေကြောင်း အတည်ပြုလိုက်ပါပြီ။

၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Kung Fu Hustle” ရုပ်ရှင်ကားဟာ တရုတ်ရုပ်ရှင်လောကသမိုင်းမှာ ဝင်ငွေအများဆုံးရရှိခဲ့တဲ့ရုပ်ရှင်ကားအဖြစ် မှတ်တမ်းတင်ထားတာလည်းဖြစ်ပါတယ်။

Ref: “Stephen Chow confirms a sequel to Kung Fu Hustle is in the works”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top