လက်စတာနဲ့ပွဲမတိုင်ခင် ဗာဒီကို ချီးကျူးသွားတဲ့ လီဗာပူးနည်းပြ

hotsport03.jpg

ဘောက်ဆင်ဒေးနေ့မှာ အမှတ်ပေးဇယား အဆင့်(၂)က လက်စတာနဲ့ ကစားရမယ့်ပွဲစဉ်မတိုင်ခင် လီဗာပူးနည်းပြ ဂျာဂန်ကလော့က လက်စတာတိုက်စစ်မှူး ဗာဒီကို ချီးကျူး သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) ပွဲ ကစားပြီးချိန်မှာ (၁၇)ဂိုးသွင်းထားတဲ့ လက်စတာတိုက်စစ်မှူး ဗာဒီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး(၃)ယောက်ထဲမှာ ပါဝင်နေတယ်လို့ ဂျာဂန်ကလော့က ဆိုပါတယ်။

လီဗာပူးဟာ ပွဲကျန်တစ်ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ ဒုတိယနေရာက လက်စတာကို (၁၀)မှတ်ဖြတ် ဦးဆောင်နေလို့ သူတို့(၂)သင်း တွေ့ဆုံတဲ့ပွဲစဉ်မှာသာ အနိုင်ရခဲ့ရင် (၁၃)မှတ်အထိ ဖြတ်နိုင် မှာပါ။ ” ဗာဒီကို တားဆီးဖို့ ကြိုးစားမယ်။ ဗာဒီဟာ ကျွန်တော် အင်္ဂလန်ကို စရောက်လာကတည်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး (၃) ယောက်ထဲမှာပါဝင်ခဲ့သူပါ။  သူ့ကို ထိန်း နိုင်ဖို့ အမြဲတမ်း ခက်ခဲပါတယ်။ သူ့ကို ဘောလုံးထိုးပေးလို့မရအောင် ကြိုးစားသွားမယ်။ ဘရင်ဒန်ရော့ဂျာက ကောင်းကောင်း စွမ်းဆောင် နိုင်ခဲ့ပါတယ်။ လက်စတာက ထိပ်တန်း အသင်းပါ။ တကယ့်ကို အရည်အသွေးကောင်းမွန်ပါတယ်”လို့ ဂျာဂန်ကလော့က ပြောပါတယ်။ လက်စတာဟာ အခုနောက်ဆုံးပွဲစဉ်မှာ မန်စီးတီးကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ပွဲစဉ် (၂) ပွဲ ဆက် တိုက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ထိပ်တန်းအသင်း ဖြစ်နေတုန်းပဲလို့ သူက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top