အဲဗာတန်-လီဗာပူးရဲ့ မာဆေး ဆိုက်ဒ်ဒါဘီပွဲကို စိန့်မေရီကွင်းမှာ ကစားရဖွယ်ရှိ

10-6-2020-yyl-025.jpg

အဲဗာတန်အသင်းရဲ့ ဂွတ်ဒီဆင်ပါ့ခ်ကွင်းက ဘေးအန္တရာယ်ကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်မရရင် အဲဗာတန်နဲ့ လီဗာပူး ကစားမယ့် မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်ကို ဆောက်သမ်တန်အသင်းရဲ့ စိန့်မေရီကွင်းမှာ ကစားရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၉၂ ပွဲ ကစားဖို့ ကျန်ရှိနေတဲ့အနက် ဘေးကင်းလုံခြုံမှု အခြေအနေ စိုးရိမ်ရတဲ့အတွက် အဲဗာတန်-လီဗာပူး၊ မန်စီးတီး-လီဗာပူးပွဲစဉ်တွေကို ကြားကွင်းမှာ ပြောင်းရွှေ့ကစားရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ကြားကွင်းတွေမှာ ပွဲကစားကြဖို့ မဲပေးထားကြပြီး ဝင်ဘလေကွင်း၊ စပါးအိမ်ကွင်းနဲ့ လက်စတာအသင်းရဲ့ ကင်းပါဝါကွင်းတွေကတော့ လျာထားစာရင်းမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ အဲဗာတန်၊ လီဗာပူးအသင်းတွေအနေနဲ့ လက်စတာ ဒါမှမဟုတ် လန်ဒန်မြို့တွေကို ရထား(သို့)ကားနဲ့ သွားတာထက်စာရင် ဆောက်သမ်တန်မြို့ကို လေယာဉ်နဲ့သွားတာ ပိုလွယ်ကူပြီး လုံခြုံစိတ်ချရမယ်လို့ ယူဆထားကြပါတယ်။

အဲဗာတန်ကို အနိုင်ယူပြီး လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ သေချာသလောက် ဖြစ်သွားမယ်ဆိုရင် လီဗာပူးအသင်း ပရိသတ်တွေက တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို ဖီလာဆန့်ကျင်ပြီး ဂွတ်ဒီဆင်ပါ့ခ်ကွင်း အပြင်ဘက်မှာ လာရောက်စုရုံးကြမှာကိုလည်း စိုးရိမ်နေကြပါတယ်။ မာဆေးဆိုက်ဒ်ဒါဘီပွဲနဲ့ပတ်သက်ပြီး ပြစ်မှုဖြစ်ပွားမှာ မစိုးရိမ်ရပေမဲ့ အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ ပရိသတ်တွေ အစုလိုက်အပြုံလိုက် ရောက်လာရင် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top