ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ပက်ဒရိုကို ရိုးမားအသင်း ခေါ်ယူ

photo5.jpg

ရိုးမားအသင်းက ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ပက်ဒရိုကို ခေါ်ယူလိုက်ပါပြီ။ အသက် ၃၃ နှစ်ရှိတဲ့ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းမှာ ၅ နှစ်ကြာ ကစားခဲ့ပြီးနောက် စီးရီးအေကလပ်ထံ ပြောင်းရွှေ့သွားခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာကနေ ချဲလ်ဆီးထံ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပက်ဒရိုဟာ ချဲလ်ဆီးအတွက် ၂၀၁ ပွဲ ကစားရာမှာ ၄၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားတွေ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို နည်းပြလမ်းပတ် ကိုင်တွယ်ခဲ့ပြီးနောက်မှာတော့ ပက်ဒရိုဟာ ပွဲကစားခွင့် ပိုနည်းပါးခဲ့ပြီး ၁၈ ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top