အေစီမီလန်နည်းပြရာထူးကနေ ဂတ်တူဆို နုတ်ထွက်

61532761_2400236640007242_8995889484864159744_n.jpg

အေစီမီလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်လိုက်ပြီလို့ ဂတ်တူဆိုက ကြေညာခဲ့ပါတယ်။ အေစီမီလန်ဟာ ရာသီသိမ်းပွဲစဉ်မှာ စပဲလ်အသင်းကို (၂-၃) ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ပြီး အဆင့် (၅) နေရာနဲ့ပဲ ရာသီသိမ်းခဲ့ရပါတယ်။

အေစီမီလန်အသင်းရဲ့ အထင်ကရကွင်းလယ်လူဟောင်းဖြစ်တဲ့ ဂတ်တူဆိုဟာ ၂၀၂၁ ခုနှစ်အထိ အေစီမီလန်အသင်းမှာ နည်းပြလုပ်ဖို့ စာချုပ်ချုပ်ဆိုထားသူပါ။ ဒါပေမဲ့ စာချုပ်သက်တမ်းမပြည့်ခင် ရာထူးက နုတ်ထွက်တော့မှာဖြစ်ပြီး နစ်နာကြေးယူမှာမဟုတ်ဘူးလို့ ပြောပါတယ်။

”အေစီမီလန်အသင်းနည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ရတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်တော် မဖြစ်မနေ ဆုံးဖြတ်ရမယ့်ကိစ္စပါ။ နည်းပြရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကို အတိအကျ ပြောလို့မရပါဘူး။ နည်းပြအဖြစ် (၁၈) လကြာ တာဝန်ယူခဲ့တဲ့ ကာလတစ်ခုလုံးကို သုံးသပ်ပြီး ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အတွက်တော့ အေစီမီလန်နည်းပြရာထူးက တခြားဘယ်အရာနဲ့မှ မတူပါဘူး။ (၁၈) လတာကာလအတွင်း ကျွန်တော် စိတ်အားထက်သန်မှုအပြည့်ရှိခဲ့ပြီး မေ့မရနိုင်တဲ့ အချိန်ကာလတွေဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့ အေစီမီလန်အသင်းကြားမှာ ငွေကြေးကိစ္စကို ထည့်တွက်စရာမလိုပါဘူး”လို့ ဂတ်တူဆိုက ပြောပါတယ်။ အဆင့် (၅) နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာဟာ ၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်း အေစီမီလန်အတွက် အကောင်းဆုံးရပ်တည်မှုဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top