ဘွန်ဒက်စ်လီဂါကို ပထမဆုံးအကြိမ် တန်းတက်လာတဲ့ ယူနီယံဘာလင်

61203980_2400236593340580_182470757857624064_n.jpg

တန်းဆင်း၊ တန်းတက် အဆုံးအဖြတ် ရှုံးထွက်ပွဲစဉ်မှာ စတုဂတ်ကို အဝေးဂိုး အားသာချက်နဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ ယူနီယံဘာလင်ကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဘွန်ဒက်စ်လီဂါကို တန်းတက်ကစားခွင့်ရရှိခဲ့ပါတယ်။ ယူနီယံဘာလင်ဟာ အဝေးကွင်းမှာ စတုဂတ်ကို (၂) ဂိုးစီ သရေကစားပြီး အိမ်ကွင်းမှာ ဂိုးမရှိသရေ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနီယံဘာလင်ဟာ ဘွန်ဒက်စ်လီဂါမှာ ကစားခွင့်ရတဲ့ ပဉ္စမမြောက် ဘာလင်မြို့အခြေစိုက်အသင်း ဖြစ်လာပါတယ်။

အဲဒီအတွက် ဘာလင်မြို့ကတော့ လာမယ့်ရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ကိုယ်စားပြုအသင်း (၂) သင်း ပါဝင်ခွင့်ရတဲ့ တစ်ခုတည်းသောမြို့ ဖြစ်လာမှာပါ။ ဘာလင်မြို့ခံအသင်း နောက်တစ်သင်းကတော့ ဟာသာဘာလင်ဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ကိုလုံးအသင်းနဲ့ ပါဒါဘွန်းအသင်းတွေလည်း ဘွန်ဒက်စ်လီဂါမှာ တန်းတက်ကစားခွင့် ရရှိထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top