မျက်လုံးတစ်ဝိုက် အရေးအကြောင်းကင်းတဲ့ အသားရေပိုင်ဆိုင်ဖို့ အလှအပနည်းလမ်းများ

12-3-2020-yyl-015.jpg

မျက်လုံးတစ်ဝိုက်က အသားရေက မျက်နှာပေါ်မှာ အနူးညံ့ဆုံးနေရာဖြစ်ပါတယ်။ အသားရေထိန်းသိမ်းမှုကို သေချာမလုပ်ဖြစ်ရင် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မျက်ကွင်းညိုတာ၊ အရေးအကြောင်းပေါ်တာလို အသားရေအိုမင်းရင့်ရော်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အိုမင်းရင့်ရော်မှုကို နှေးသွားဖို့အတွက် ကောင်းမွန်တဲ့အလှအပ အလေ့အထတွေနဲ့ အလှအပလမ်းညွှန်ချက်တွေကို လိုက်နာရမယ့်အပြင် သင့်တင့်တဲ့ အသားရေထိန်းသိမ်းမှုကို မပျင်းမရိဘဲ လုပ်ပေးသင့်ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေကို ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ မပေါ်လာအောင် အလှအပနည်းလမ်းတချို့ကို ပြောပြပေးလိုက်ရပါတယ်။

– သတိလက်လွတ် မျက်လုံးပွတ်တာကို ရှောင်ကျဉ်ပါ။ အရမ်းပွတ်တာက မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ၊ အသားရေမညီညာတာတွေဖြစ်လာနိုင်ပါတယ်။ မျက်နှာသစ်တဲ့အခါ၊ မိတ်ကပ်ဖျက်တဲ့အခါ အရမ်းမကြမ်းတမ်းဘဲ ဖြည်းဖြည်းသာသာလေး လုပ်ဆောင်ပေးသင့်ပါတယ်။

– နေရောင်ခြည်ဒဏ် ကာကွယ်တာကလည်း သင့်အသားရေအတွက် အရမ်းအရေးကြီးပါတယ်။ အပြင်မထွက်ခင် (၁၀-၁၅) မိနစ်လောက်မှာ နေလောင်ဒဏ် ကာကွယ်ပေးတဲ့ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ မျက်နှာကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့မိရင် အရေးအကြောင်းတွေ၊ အသားရေမညီညာတာတွေ ဖြစ်လာနိုင်ပါတယ်။ သင့်မျက်လုံးကို မယားယံစေတဲ့ ဇင့်စ်အောက်ဆိုဒ်နဲ့ SPF ကို ရွေးချယ်လို့ရပါတယ်။

– ဆားစားသုံးပမာဏကို ကန့်သတ်လိုက်ပါ။ မျက်ရစ်ဖောင်းတာ၊ မျက်ကွင်းညိုတာ၊ အရေးအကြောင်းဖြစ်တာတွေကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးနိုင်တဲ့ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ ကညွတ်၊ ငှက်ပျောသီးတွေကို များများစားပေးပါ။ ကျန်းမာရေးကောင်းတဲ့ အသားရေဖြစ်ဖို့အတွက် အန်တီအောက်စီဒန့် ဓာတ်များများရအောင်လုပ်သင့်ပါတယ်။

– မျက်လုံးမို့တာကို ရှောင်ဖို့ဆိုရင် ကဖင်းဓာတ်၊ သကြားဓာတ်၊ ဆီကြော်အစားအစာတွေ၊ အချိုမုန့်များတဲ့အစားအစာတွေ အရမ်းစားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

– မနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင်တိုင်းမှာ မျက်လုံးတစ်ဝိုက်အသားရေကို ရေဓာတ်ဖြည့်ပေးတဲ့အသားရေထိန်းသိမ်းမှုအလေ့အထကို လုပ်ဆောင်ပေးသင့်ပါတယ်။

Ref: 5 beauty tips to make the skin around the eyes look youthful

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top