မွေးရပ်မြေမှာ အိမ်ဆောက်ဖို့အတွက် ဆုတံဆိပ်တွေကို ရောင်းချနေတဲ့ ချားလ်စ် ဘာကလေ

12-3-2020-yyl-030.jpg

ကစားသမားတွေ ရွှေတံဆိပ်ဆုရဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ကိုယ်ရဲ့ကြိုးစားအားထုတ်မှုကြောင့် ရရှိလာတဲ့ ဆုတံဆိပ်တွေကို ကစားသမားအများစုက အမြတ်တနိုးသိမ်းထားကြပါတယ်။ ဘတ်စကက်ဘောကစားသမား ချားလ်စ် ဘာကလေကတော့ သူ့ရဲ့မွေးရပ်မြေ အလာဘားမားပြည်နယ်၊ လိဒ်(စ်)မြို့မှာ အိမ်ဆောက်ဖို့အတွက် သူ့ရဲ့အိုလံပစ်ရွှေတံဆိပ်ဆုနဲ့ NBA MVP award ဆုတွေကို လေလံတင်ရောင်းချဖို့ စီစဉ်နေပါတယ်။

ချားလ်စ် ဘာကလေက ၁၉၉၂ နဲ့ ၁၉၉၆ အိုလံပစ်ဂိမ်းမှာ ရရှိခဲ့ရွှေတံဆိပ်တွေထဲက တစ်ခုနဲ့ ၁၉၉၃ခုနှစ်က ရရှိခဲ့တဲ့ NBA MVP Award တို့ကို လေလံတင်ရောင်းချဖို့အတွက် Sports Card ကုမ္ပဏီ Panini နဲ့ လုပ်ဆောင်နေပါတယ်။ ရောင်းရငွေတွေကို လိဒ်မြို့မှာ အိမ် (၂၀) ဆောက်လုပ်ဖို့အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော် ချားလ်စ် ဘာကလေဆိုတာကို လူတွေသိဖို့ ကျွန်တော့်ရဲ့ရွှေတံဆိပ်ဆုတွေ၊ MVP ဆုတွေနဲ့ လျှောက်ပြနေရမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါကြောင့် ဒီဆုတွေကို ရောင်းချတော့မလို့ပါ” လို့ ချားလ်စ်က ပြောပါတယ်။

သူ့ရဲ့သမီးက ၁၉၉၂ ခုနှစ်က ရရှိခဲ့တဲ့ရွှေတံဆိပ်ဆု တစ်ခုကိုတော့ သိမ်းထားချင်ခဲ့တာကြောင့် တစ်ခုကိုတော့မရောင်းချဘဲ သိမ်းထားမှာဖြစ်ပါတယ်။ ချားလ်က သူ့ရဲ့ဆုတံဆိပ်တွေကို သူ့အဘွားမဆုံးခင်က အဘွားအိမ်မှာ ထားရှိခဲ့တာပါ။ “ဒါက ကျွန်တော့်အိမ်ကို ရှုပ်ပွစေပါတယ်။ အရင်က ကျွန်တော့်အဘွားအိမ်မှာ သိမ်းထားလေ့ရှိပါတယ်။ အဘွားဆုံးသွားတော့ ဒီဆုတွေကို ကျွန်တော့်ရဲ့အိမ်မှာ မထားချင်ဘူး” လို့ ချားလ်က ဆိုပါတယ်။

ချားလ် ဘာကလေက သူ့ရဲ့ပရဟိတအလုပ်တွေကြောင့် တဖြည်းဖြည်းနဲ့ လူသိများလာနေပါပြီ။ သူက Alabma’s Miles College, Alabama A&M, Clark Atlanta University နဲ့ Morehouse College တို့ကို ဒေါ်လာ (၁) သန်းစီ လှူဒါန်းခဲ့ဖူးပါတယ်။

Ref: Charles Barkley is selling Olympic gold medal and NBA MVP award to build affordable housing in hometown

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top