ပရီးမီးယားလိဂ်ဖလားကျကွဲသွားသလိုလုပ်ပြီး ပရိသတ်တွေကိုကျီစယ်ခဲ့တဲ့ အဂူရိုနဲ့ ဒီဘရိုင်း

61100702_2388556067841966_3008474151028523008_n.jpg

မန်စီးတီးအသင်းမှာ အကျီစားသန်တဲ့ တိုက်စစ်မှူး အဂူရိုနဲ့ ဒီဘရိုင်းတို့ဟာ ပရီးမီးယားလိဂ်ဖလား ကျကွဲသွားသလိုဟန်ဆောင်ပြီး ပရိသတ်တွေကိုကျီစယ်ခဲ့ကြပါတယ်။ မန်ချက်စတာမြို့မှာ မန်စီးတီးအသင်း လှည့်လည်အောင်ပွဲခံမယ့်အခမ်းအနားမတိုင်ခင် မန်စီးတီးအသင်း ပရိသတ်တချို့ကို အဂူရို၊ ဒီဘရိုင်းတို့နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ မန်စီးတီးအသင်း အခြေစိုက်ရာ အဆောက်အအုံအပေါ်ထပ်မှာ အဂူရို၊ ဒီဘရိုင်းတို့က ပရိသတ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

သူတို့တွေ ဓာတ်ပုံရိုက်နေတုန်း အဂူရိုနဲ့ ဒီဘရိုင်းက လက်ထဲမှာကိုင်ထားတဲ့ဆုဖလားကို လွှတ်ချခဲ့ပါတယ်။ ဆုဖလားက အောက်ကိုကျပြီး တစ်စစီကွဲသွားချိန်မှာ ပရိသတ်တွေ အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုပိုပြီးပီပြင်အောင်
မန်စီးတီးအသင်းအမှုဆောင်ချုပ် ဆိုရီယာနိုက ပြတင်းပေါက်တံခါးကိုလက်နဲ့ရိုက်ပြီး ဒေါသထွက်သလို ဟန်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေလည်း ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကုန်ကျပါတယ်။ ဒါပေမဲ့ ခဏအကြာမှာပဲ အဂူရိုနဲ့ ဒီဘရိုင်းက ဆုဖလားအစစ်ကို သယ်ထုတ်လာခဲ့ပါတယ်။ အဲဒီတော့မှ ပရိသတ်တွေလည်း ကျကွဲသွားတာဆုဖလားအစစ်မဟုတ်ဘဲ ပုံတူဖြစ်နေမှန်းသိသွားလို့ စိတ်သက်သာရာရခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top