အစိုးရရုံးရှေ့မှာ ရက် ၈၀၀ နီးပါး ဆန္ဒပြနေတဲ့ အိန္ဒိယနိုင်ငံသား

sreejith202-compressed.jpg

အိန္ဒိယ နိုင်ငံသားတစ်ဦးဟာ သူ့အစ်ကိုကို ရဲတွေ သတ်ခဲ့မှုနဲ့ ပတ်သက်လို့ အစိုးရရုံး အပြင်ဘက်မှာ ရက်ပေါင်း ၈၀၀ နီးပါးကြာ ဆန္ဒပြနေခဲ့ပြီး လူမူကွန်ရက်မှာ လူသိများ ထင်ရှားခဲ့ပါတယ်။ SR Sreejith ဟာ Trivandrum မြို့ရှိ ကီရာလာပြည်နယ် အတွင်းဝန်ရုံးရှေ့မှာ ထိုင်ကာ ဆန္ဒပြနေတာဖြစ်ပြီး ၂၀၁၅ ခုနှစ် မေလ ၂၂ ရက်နေ့တည်းက နေ့စဉ်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားဟာ ဖျာတချပ်ပေါ်မှာထိုင်ပြီး နေပူပူ၊ မိုးရွာရွာ အစိုးရရုံးရှေ့မှာ ဆန္ဒပြနေခဲ့တာဖြစ်ပါတယ်။ မိုးတွေရွာလာရင် အနီးနားမှာရှိတဲ့ ဆိုင်ကနေ အမိုးအကာတွေသွားယူခဲ့တယ်လို့ SR Sreejith က ပြောပါတယ်။

အစ်ကိုဖြစ်သူ Sreejeev ဟာ ရဲတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရလို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုနေတာဖြစ်တယ်လို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။ အိန္ဒိယ ရဲတွေက အကိုဖြစ်သူ Sreejeev ကို ၂၀၁၅ ခုနှစ်က မိုဘိုင်းဖုန်းခိုးမှုနဲ့ ဖမ်းဆီးထောင်ကျခဲ့ပြီးနောက် Sreejeev ထောင်ထဲမှာ သေကြောင်း ကြံစည်ခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးခဲ့သူ Sreejeev ဟာ ရဲအရာရှိတစ်ဦးနဲ့ ဆက်နွယ်မှုရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ ချစ်သူတွေ ဖြစ်ခဲ့တာကြောင့် အသတ်ခံရတာဖြစ်တယ်လို့ မိသားစုကပြောပါတယ်။ Sreejeev ဟာ ချစ်သူ မိန်းကလေးနဲ့ လက်ထပ်ဖို့ စီစဉ်ထားမှုမတိုင်ခင် တရက်အလိုမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

Ref : Kerala’s Sreejith still seeks answers for brother’s death

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top