ချစ်သူဟောင်းနဲ့ ပြန်တွဲသင့်တဲ့ အချက် (၇) ချက်

meet-ex.jpg

လူတိုင်း အမှားနဲ့ မကင်းသလို လူတွေမှာ အားနည်းချက် ကိုယ်စီတော့ရှိကြပါတယ်။ ငယ်ငယ်တုန်းက စာကျက်တာဟာ ကမ္ဘာကြီးလောက် ပြသာနာဖြစ်ချင်ဖြစ်ခဲ့မှာပါ။

ဒါပေမဲ့ အသက်ကြီးလို့ ဘဝထဲကို ခြေစုံပစ်ဝင်ရတဲ့အခါ စာကျက်တာက မပြောပလောက်တော့ပါဘူး။

ကိုယ်တကယ်ချစ်ပြီး သံယောဇဉ်ရှိတဲ့သူနဲ့ လူတိုင်း ပေါင်းဖက်ချင်ကြတာ သဘာဝပါ။ တော်ရာမှာနေ ပျော်ရာမှာမနေကြဘဲ ရုန်းကန်ရင်း ဝေးကွာခဲ့ရတဲ့ အကြောင်းတရားမျိုးစုံ ရှိနေပေမယ့် စိတ်ထဲမှာတော့ မေ့ဖျောက်မရတတ်ကြပါဘူး။

ဒါကြောင့် ပြီးခဲ့ပြီဖြစ်တဲ့ အရင်က အဆင်မပြေမှုတွေကို မေ့ပြီး အသစ်တစ်ဖန် ချစ်သူဟောင်းနဲ့ ရင့်ကျက်မှုတွေအပြည့်ကို အခြေခံပြီး အစက ပြန်စမယ်ဆို တစိမ်းအသစ်တစ်ယောက်ထက် နားလည်မှုတွေ ပိုရှိနိုင်သလို တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသား သံယောဇဉ်ရှိပြီးသားမို့ လက်တွဲပိုခိုင်မြဲ နိုင်ပါတယ်။

(၁) အချိန်ကာလတစ်ခုကို အတူတူရင်ဆိုင် ကျော်ဖြတ်ခဲ့ဖူးပါတယ်

ချစ်သူဟောင်းဆိုတာ ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို သိနေပြီးသားသူပါ။ ကိုယ်ကလည်း သူ့ရဲ့ ဆိုးကွက်လေးတွေကို သိပြီးသားမို့ လေ့လာဖို့ အချိန်ထပ်ယူစရာ မလိုတော့ပါဘူး။ အခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ခဲ့ဘူးတဲ့ နေ့ရက်တွေရှိခဲ့တဲ့သူမို့ ငယ်ငယ်က ညှိမရလို့ ပြတ်ခဲ့ကြပေမဲ့ အခု သွေးအေးသွားပြီး ပြသာနာကို ခေါင်းအေးအေးထားပြန်တွေးကြည့်မယ်ဆို အသက်အရွယ်နဲ့ ရင့်ကျက်မှုတွေက ပြုပြင်နိုင်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင် ညှိနှိုင်းနိုင်တဲ့ အခြေအနေကောင်းကို ပိုင်ဆိုင်နေပါပြီ။

(၂) ပြသာနာတွေဟာ ပြီးခဲ့ပြီဖြစ်ပြီး ချစ်တဲ့သူကို ထပ်မဆုံးရှုံးချင်တော့ပါဘူး

ချစ်တဲ့သူနဲ့ ပေါင်းဖက်ရတာက ဘဝရဲ့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ ဖြစ်ခဲ့တာတွေကို အတိတ်မှာထားခဲ့လိုက်ပါ။ သူဘာမကြိုက်ဘူးလဲ၊ ကိုယ်ဘာပြုပြင်သင့်လဲ၊ ကိုယ်ကရော ဘယ်လိုနားလည်မှုတွေ ထားရမလဲ ကောင်းကောင်း နားလည်နေပြီး ချစ်ရသူကို နောက်တစ်ကြိမ် အဝေးထွက်မသွားစေချင်ဘဲ ပိုပိုချစ်မိသွားနိုင်ပါတယ်။

(၃) တူညီတဲ့ ခံစားချက် ရည်မှန်းချက်တွေနဲ့ အနာဂတ်ကို ရည်ရွယ်ထားပါပြီ

ချစ်သူဟောင်းနဲ့ ပြန်တွဲခြင်းဟာ တူညီတဲ့ ခံစားချက်တွေ ရင်ဘတ်ချင်းပိုနီးသွားစေပါတယ်။ အနာဂတ်တစ်ခုကို သေချာလက်တွေ့ကျတဲ့ အစီအစဉ်တွေနဲ့ ခပ်မြန်မြန် အကောင်အထည်ဖော် နိုင်ပါလိမ့်မယ်။

(၄) သူကသာ ကိုယ့်အတွက် အကောင်းဆုံးဆိုတာ သိလာပါလိမ့်မယ်

စိတ်ကောက် စိတ်ဆိုးပြီး စိတ်ဆိုးပြေတဲ့ အချိန်ဟာ ချစ်သူတွေကြားမှာ အရမ်းကြည်နူးစရာ အချိန်လေးပါ။ ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူနဲ့ အမှားတွေ ပြုပြင်ပြီး မှားခဲ့တာတွေကို သင်ခန်းစာယူ ရှေ့ဆက်ရတော့မယ် ဆိုတဲ့ အတွေးက အရမ်းရုပ်ရှင်ဆန်တဲ့ ရိုမန်တစ်ဇာတ်လမ်း တစ်ပုဒ်လိုပါပဲ။

(၅) အသက်အရွယ်နဲ့ အသိဥာဏ်ပိုရှိတဲ့ ချစ်သူကို ပိုင်ဆိုင်နေပါပြီ

ဆယ်ကျော်သက်တုန်းက မှားခဲ့၊ ပျော်ခဲ့၊ အနာဂတ်အတွက် စုဆောင်းဖို့ မတွေးမိပေမဲ့ အသက်ကြီးလာရင်တော့ တွေးမိလာကြပါပြီ။ ရင့်ကျက်လာတဲ့ ကိုယ့်ချစ်သူကို ပြန်ရလိုက်တာဟာ စိန်ထက်တောင် ပိုတန်ဖိုးရှိပါတယ်။

(၆) နှစ်ယောက်စလုံးဟာ ဒုတိယအခွင့်အရေးကို လက်လွှတ်မခံနိုင်တော့ပါဘူး

တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ်မှုတွေနဲ့ ပြန်လက်တွဲလိုက်တာဟာ ကလေးဘဝက အချစ်တစ်ခုတည်းကြည့်ပြီး တွဲခဲ့တယ်ဆိုတာထက် ပိုမိုလေးနက်ပြီး ယုံကြည်မှုတွေ ပိုရှိစေပါတယ်။

(၇) တစ်ယောက်အပေါ်တစ်ယောက် ညှင်းဆဲတာတွေ မလုပ်မိတော့ပါဘူး

သူမကြိုက်တာ ကိုယ်မကြိုက်တာ သိပြီးသားဖြစ်သလို ဝေးခဲ့ရတုန်းက သူ့ကို ငါချုပ်ချယ်မိခဲ့တာပဲ ငါအရမ်းဆိုးခဲ့တာပဲ ဆိုတာတွေကို နေ့စဉ်နဲ့အမျှ တွေးခဲ့မိတာကြောင့် နောက်ထပ် ဒီလိုအမှားတွေ ထပ်မလုပ်မိဖို့ သိနေပါပြီ။

Ref: Men’s Health “7 signs that you should get back together with your ex”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top