မက်ဂရီဂေါ်နဲ့ နောက်တစ်ပွဲထိုးချင်တယ်ဆိုတဲ့ နာမာဂိုမီဒေါ့ဗ်

62451626_2424185124279060_3901617243091369984_n.jpg

ကွန်နာမက်ဂရီဂေါ်နဲ့ နောက်တစ်ပွဲထပ်ထိုးချင်သေးတယ်လို့ UFC ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်က ပြောပါတယ်။ ရုရှား သိုင်းပေါင်းစုံ ကစားသမား နာမာဂိုမီဒေါ့ဗ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၆) ရက်နေ့က မက်ဂရီဂေါ်ကို အနိုင်ထိုးသတ်နိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်အပြီး ခိုက်ရန်ဖြစ်ပွားခဲ့လို့ ကိုးလပွဲပယ်ခံခဲ့ရတဲ့ နာမာဂိုမီဒေါ့ဗ်ဟာ လာမယ့်စက်တင်ဘာလ (၇) ရက်နေ့ကျရင် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ကျင်းပမယ့် UFC 242 ပြိုင်ပွဲမှာ အမေရိကန်သိုင်းပေါင်းစုံကစားသမား ဒူစတင်ပွိုင်ရီယာနဲ့ ထိုးသတ်မှာဖြစ်ပါတယ်။

ဒါပေမဲ့ UFC လိုက်ဝိတ်ဘုရင်လို့ တင်စားခံထားရတဲ့ နာမာဂိုမီဒေါ့ဗ်က မက်ဂရီဂေါ်နဲ့ထိုးသတ်ဖို့ ဆန္ဒရှိနေတုန်းပါပဲ။ ”အောက်တိုဘာလ (၆) ရက်နေ့ပွဲစဉ်မှာ ကျွန်တော်တို့ကိစ္စမပြတ်ခဲ့ပါဘူး။ နောက်ထပ်ပွဲတွေ ထိုးဖို့ရှိသေးတယ်။ အဲဒီတော့ နောက်ထပ်သမိုင်းကြောင်း ထပ်ရေးဖို့နဲ့ ကျွန်တော်တို့ ဘယ်အဆင့်ရောက်နေလဲဆိုတာ ပြသဖို့ အစီအစဉ်ရှိပါတယ်။ နောက်ထပ်မြင့်မားတဲ့ အဆင့်တွေနဲ့ အောင်မြင်မှုတွေ ရယူနိုင်စွမ်းရှိပါတယ်”လို့ နာမာဂိုမီဒေါ့ဗ်က ပြောပါတယ်။ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်ကလည်း နာမာဂိုမီဒေါ့ဗ်နဲ့ မက်ဂရီဂေါ်တို့ နောက်တစ်ပွဲ ထိုးသတ်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top