ပြင်သစ်အိုးပင်းဖလား ဗိုလ်စွဲခဲ့ပြီးနောက် ဝင်ဘယ်ဒန်အိုးပင်းကို ပစ်မှတ်ထားနေတဲ့ ရာဖေးနာဒယ်

63190710_2424185290945710_8420287687365230592_n.jpg

ပြင်သစ်အိုးပင်းဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်တင်းနစ်သမား ရာဖေးနာဒယ်က ဒီရာသီမှာ ဝင်ဘယ်ဒန်ဖလား ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။ မြေစေးကွင်းဘုရင်လို့ တင်စားခံခဲ့ရတဲ့ ရာဖေးနာဒယ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သြစတြီးယားတင်းနစ်သမား ဒိုမီနစ်သီယန်ကို (၆-၃)၊ (၅-၇)၊ (၆-၁)၊ (၆-၁)နဲ့ အနိုင်ယူပြီး ပြင်သစ်အိုးပင်းဖလားကို (၁၂)ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ ရာဖေးနာဒယ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ကျရောက်ခဲ့တဲ့ (၃၃) နှစ်ပြည့်မွေးနေ့မှာ တင်းနစ်ဘောလုံးပုံစံ မွေးနေ့ကိတ်နဲ့ အောင်ပွဲခံခဲ့သူပါ။

ရာဖေးနာဒယ်ဟာ ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲမှာ နှစ်ကြိမ်ဗိုလ်စွဲခဲ့ဖူးပေမဲ့ ပြီးခဲ့တဲ့ (၉) နှစ်အတွင်း ဗိုလ်စွဲနိုင်ခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြက်ခင်းကွင်းပွဲစဉ်တွေက နာဒယ်ရဲ့ဒူးတွေအတွက် ပြဿနာတစ်ရပ် ဖြစ်ခဲ့ပေမဲ့ ဒီနောက်ပိုင်းမှာတော့ သင့်တော်တဲ့နည်းလမ်း တွေ့ရှိခဲ့ပုံပါပဲ။ နာဒယ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ဝင်ဘယ်ဒန်အိုးပင်း စတုတ္ထအဆင့်မှာ ဂျီလက်စ်မူလာနဲ့ (၅) ပွဲတိုင်တိုင် ရေကုန်ရေခမ်း ကစားပြီး ရှုံးနိမ့်ခဲ့သလို မနှစ်တုန်းကလည်း ဂျိုကိုဗစ်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်က (၂) ရက်ကြာမြင့်ခဲ့ပါတယ်။ ဂျိုကိုဗစ်အနေနဲ့ ပြင်သစ်အိုးပင်းဖလား အောင်ပွဲအပြီးမှာ အနားယူအားမွေးဖို့ အဓိကထား ပြင်ဆင်နေလို့ Fever-Tree Championship ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top