၆ နှစ်သားကလေးငယ်က ပက်စ်ကာရာအသင်းဂျာစီဒီဇိုင်း ဖန်တီးပေး

22-4-2020-yyl-009.jpg

စီးရီးဘီကလပ် ပက်စ်ကာရာအသင်းဟာ လာမယ့်ရာသီမှာ ၆ နှစ်သားကလေးငယ် ဒီဇိုင်းဆွဲထားတဲ့ ဂျာစီကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ COVID-19 ကြောင့် ပိတ်ဆို့မှုတွေ လုပ်ထားရချိန်မှာ အိမ်ပြင်မထွက်ရတဲ့ ကလေးငယ်တွေ ပိတ်လှောင်မွန်းကြပ်မှု ပြေပျောက်စေဖို့ ပက်စ်ကာရာအသင်းက လူငယ်ပရိသတ်တွေအတွက် ဂျာစီဒီဇိုင်းပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။

”COVID-19 ကို ကန်ထုတ်လိုက်”လို့ အမည်ရတဲ့ အဲဒီပြိုင်ပွဲမှာ ၆ နှစ်အရွယ်ကလေးငယ် အဂိုစတီနို ရေးဆွဲခဲ့တဲ့ လင်းပိုင်ဒီဇိုင်းက တခြားကလေးငယ်တွေ ရေးဆွဲထားတဲ့ ဒီဇိုင်းတွေကို ကျော်ဖြတ်ပြီး အရွေးခံခဲ့ရတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top