COVID-19 ရောဂါ တိုက်ဖျက်ရေးရန်ပုံငွေ ပိုရဖို့ နူးကမ့်ကွင်းအမည်ကို စပွန်ဆာစာချုပ်ချုပ်ဆိုမယ့် ဘာစီလိုနာ

22-4-2020-yyl-010.jpg

ဘာစီလိုနာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နူးကမ့်ကွင်းအမည် အသုံးပြုခွင့် စပွန်ဆာစာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အိမ်ကွင်းဟာ ၁၉၅၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ချိန်ကတည်းက နူးကမ့်ကွင်းလို့ပဲ ခေါ်ဆိုခဲ့တာဖြစ်ပြီး အမည်အသုံးပြုခွင့် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ခြင်းမရှိပါဘူး။

ဘာစီလိုနာအသင်းက ၂၀၂၀-၂၀၂၁ ရာသီမှာ နျူးကမ့်ကွင်းအမည် အသုံးပြုခွင့်နဲ့ပတ်သက်ပြီး ဘာကာဖောင်ဒေးရှင်းကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ” စပွန်ဆာစာချုပ်ကနေ ရလာတဲ့ ငွေကြေးကို ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေနဲ့ သုတေသနစီမံကိန်းတွေအတွက် အသုံးပြုသွားမှာပါ”လို့ ဘာစီလိုနာအသင်းက ဆိုပါတယ်။ စပိန်နိုင်ငံဟာ COVID-19 ‌ကြောင့် သေဆုံးသူ ၂၀၀၀၀ အထက်ရှိတဲ့ ကမ္ဘာ့နိုင်ငံ ၄ နိုင်ငံအနက် တစ်နိုင်ငံဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top