အင်္ဂလန်ထိပ်တန်းလိဂ်သမိုင်းမှာ အကောင်းဆုံးရာသီ စတင်မှုအဖြစ် စံချိန်သစ်ရေးထိုးလိုက်တဲ့ လီဗာပူး

yyl-022-7.jpg

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)ပွဲ ကစားပြီးချိန်မှာတော့ အင်္ဂလန်ထိပ်တန်းလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးရာသီစတင်နိုင်တဲ့ အသင်းအဖြစ် စံချိန်သစ် ရေးထိုးလိုက်ပါပြီ။ ပွဲစဉ်(၁၆)ပွဲအပြီးမှာ လီဗာပူးက (၁၅)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်နဲ့ ရမှတ်(၄၆)မှတ် ရရှိထားပြီး ဒုတိယနေရာက လက်စတာကို (၈)မှတ်၊ လက်ရှိချန်ပီယံ မန်စီးတီးကို (၁၄)မှတ် ဖြတ်နိုင်ခဲ့တယ်။

ပွဲစဉ်(၁၆)ပွဲအပြီး လီဗာပူးရဲ့ ရမှတ်ဟာ ၂၀၀၅-၂၀၀၆ ရာသီက နည်းပြမော်ရင်ဟို ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းထက် (၃)မှတ်ပိုများနေသလို ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းထက်လည်း (၅)မှတ်ပိုများပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတဲ့ လီဗာပူးဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်မယ်လို့ ရေပန်းစားနေပါတယ်။ ၁၉၇၈-၇၉ ရာသီနဲ့ ၁၉၈၇-၈၈ ရာသီတွေမှာ အမှတ်ပေးဖလား ဆွတ်ခူးခဲ့တဲ့ လီဗာပူးအသင်းက ရမှတ်(၄၀)၊ (၃၉)မှတ်ပဲ ရရှိခဲ့တာပါ။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာ ပွဲစဉ်(၁၆)ပွဲအပြီး ရမှတ်(၃၈)မှတ်နဲ့အထက် ရရှိခဲ့ပြီးမှ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခြင်းမရှိတဲ့ အသင်းတစ်သင်းပဲရှိပါတယ်။ ဒါကတော့ ၁၉၈၅-၈၆ ရာသီက မန်ယူအသင်းပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top