အန်သိုနီဂျိုရှုအာကို ရှုံးရတဲ့အကြောင်းရင်း ဖွင့်ဟလာတဲ့ အန်ဒီရုဇ်

yyl-021-7.jpg

အန်သိုနီဂျိုရှုအာကို ရှုံးခဲ့တဲ့ပွဲစဉ်မတိုင်ခင် စားချင်ရာစားခဲ့ပြီး ကော်ရိုနာ(မက္ကဆီကိုဘီယာ)တွေ အများကြီးသောက်ပစ်ခဲ့တယ်လို့ အန်ဒီရုဇ်က ဝန်ခံခဲ့ပါတယ်။ မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဟာ ပြီးခဲ့တဲ့ဇွန်လက ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာကို ဒိုင်ပွဲရပ် အနိုင်ရခဲ့ပြီး အန်သိုနီဂျိုရှုအာရဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့စနေနေ့က ထိုးသတ်ခဲ့တဲ့ စိတ်မကျေပွဲမှာတော့ အမှတ်နဲ့ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်တွေ လက်လွှတ်ခဲ့ရပါတယ်။ အန်ဒီရုဇ်ဟာ ဒုတိယပွဲထိုးချိန်မှာ ပထမပွဲထိုးချိန်ကထက် ခန္ဓာကိုယ်အလေးချိန် ၁၅ ပေါင် ပိုများနေခဲ့ပါတယ်။

”ကျွန်တော် စားချင်ရာ စားမိခဲ့တယ်ထင်တယ်။ အဲဒါကြောင့် အရမ်းဝိတ်တက်သွားတာ။ အပျော်အပါး အရမ်းများသွားတယ်။ အောင်ပွဲခံတာ လွန်သွားတယ်။ ကျွန်တော့်ပုံစံပျက်သွားတယ်။ မက္ကဆီကိုနဲ့ ကယ်လီဖိုးနီးယားကို အသွားအပြန်လုပ်ပြီး လေ့ကျင့်ခန်းဆင်းတဲ့ ပုံစံရောပေါ့။ ကျွန်တော် ကောင်းကောင်းထိုးခဲ့ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး အလေးထားခဲ့သင့်ပါတယ်”လို့ အန်ဒီရုဇ်က ပြောပါတယ်။ တကယ်လို့ သူ့အနေနဲ့ နောက်တစ်ပွဲထိုးခွင့်ရဦးမယ်ဆိုရင် အစွမ်းကုန် ကြိုးစားပြီး ခါးပတ်တွေအားလုံး ပြန်သိမ်းပိုက်ချင်တယ်လို့ အန်ဒီရုဇ်က ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top