မျက်မှန်တပ်ဖို့မလိုအောင် ကူညီပေးနိုင်မယ့်နည်းလမ်း

10-secrets-eye-doctor-eyeglasses.jpg

ဆေးပညာဆိုင်ရာအချက်အလက်တွေအရ လူ့ခန္ဓာကိုယ်ကကြွက်သားတွေဟာ အသုံးပြုမှုနည်းပါးလွန်းရင် ချည့်သွားတတ်ပါတယ်တဲ့။ မျက်လုံးကြွက်သားတွေဟာလည်း အလားတူပါပဲ။ ပုံမှန်လေ့ကျင့်ခန်းလုပ်မပေးဘူးဆိုရင် သန်စွမ်းကျန်းမာမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ အခုပြောပြပေးချင်တာက သင့်ကို မျက်မှန်တပ်စရာမလိုအောင် ကူညီပေးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။


(၁) မျက်လုံးအလွန်အကျွံအာရုံစိုက်ရတဲ့အလုပ်မျိုးကိုရှောင်ပါ။ နှစ်နာရီ၊ သုံးနာရီလောက်ကြာတိုင်းမှာ မျက်လုံးကို ခဏလောက်မှိတ်ပြီး အနားပေးပါ။

(၂) မျက်မျန်တပ်ထားရသူတွေအနေနဲ့ မျက်မှန်တပ်တဲ့အချိန်ကို တတ်နိုင်သမျှ ကန့်သတ် သတ်မှတ်ထားပါ။ မျက်လုံးအားစိုက်ရတဲ့အလုပ်မျိုးမလုပ်ရချိန်ဆိုရင် မျက်မှန်မတပ်ဘဲနေသင့်ပါတယ်။

(၃) မျက်ခွံတွေကိုပိတ်လိုက်ပြီး မျက်လုံးကို စက်ဝိုင်းပုံစံအတိုင်း ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။

(၄) လမ်းလျှောက်ထွက်တဲ့အခါမျိုးမှာ ကိုယ့်ရှေ့တည့်တည့်က အဝေးတစ်နေရာဆီကိုပဲ အာရုံစိုက်ကြည့်ပါ။ မြေပြင်ပေါ် ဒါမှမဟုတ် အနီးအနားကနေရာတွေကို အာရုံစိုက်ကြည့်တာမျိုး မလုပ်ပါနဲ့။

(၅) မုန်လာဥနီဖျော်ရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။

(၆) မျက်လုံးတွေညောင်းလာတဲ့အခါတိုင်း ရေခပ်နွေးနွေးနဲ့ မျက်နှာထသစ်လိုက်ပါ။

(၇) အိပ်ရာမဝင်ခင် နှစ်နာရီလောက်အလိုကတည်းက ကွန်ပျူတာ၊ တယ်လီဗေးရှင်းနဲ့ စမတ်ဖုန်းသုံးစွဲတာတွေကို လုံးဝ ရပ်လိုက်ပါ။

(၈) မျက်လုံးအားကောင်းစေဖို့ ရည်ရွယ်တီထွင်ထားတဲ့ ထရာတာကာ (Trataka) ယောဂလေ့ကျင့်ခန်းကို လေ့ကျင့်ပါ။

(ထရာတာကာယောဂလေ့ကျင့်ခန်း)


– မျက်လုံးနဲ့ အမြင့်တညီတည်းလောက်မှာ တောက်ပတဲ့အရာတစ်ခုခု (ဖယောင်းတိုင်မီးတောက်) ကိုထားပြီး မိနစ်နည်းနည်းလောက်ကြာအောင် မျက်တောင်လုံးဝမခတ်ဘဲ အာရုံစိုက်ပြီးကြည့်နေပါ။ ပြီးရင် မျက်လုံးတွေကိုမှိတ်လိုက်ပြီး ဖယောင်းတိုင်မီးတောက်ပုံစံကို စိတ်ထဲမှာ ထင်ထင်ရှားရှားပေါ်လာအောင် မြင်ယောင်ကြည့်ပါ။ ဖယောင်းတိုင်မီးတောက်ကို ပြတ်ပြတ်သားသားမမြင်လာမချင်း ဒီအဆင့်ကို ထပ်ခါထပ်ခါ ပြန်လုပ်ပါ။ ဒီယောဂလေ့ကျင့်ခန်းကိုသာ နေ့တိုင်းပုံမှန်လုပ်ပေးသွားမယ်ဆိုရင် အကျိုးရလဒ်ကောင်းကို အချိန်တိုတိုအတွင်းမှာပဲ သိသိသာသာခံစားရမှာ သေချာပါတယ်။

Ref: Pinterest “AMAZING EXERCISE TO HELP YOU NOT WEAR GLASSES ANYMORE”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top