ရီးရဲလ်ကိုရောက်လာချိန်မှာ အဝလွန်နေတဲ့ ဟာဇက်

67498569_2508487372515501_910440974063239168_n.jpg

နွေရာသီ အပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာတဲ့ ဟာဇက်က အဝလွန်နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။ အသက် (၂၈) နှစ်ရှိတဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်က ကနဦးပြောင်းရွှေ့ကြေး ပေါင် (၈၈.၅) သန်းပေးခဲ့ရပြီး ထပ်ဆောင်းဆုကြေးငွေတွေပါ ထည့်ပေါင်းရင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) အထိ ပေးရဖွယ်ရှိပါတယ်။

ဒါပေမဲ့ ဟာဇက်က ရီးရဲလ်ကို ရောက်လာချိန်မှာ ခန္ဓာကိုယ်အချိုးအစား ပျက်နေပြီး အဝလွန်နေတဲ့အတွက် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ် စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်အသင်းရဲ့ နွေရာသီ ခြေစမ်းပွဲစဉ်တွေမှာ ဟာဇက် ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ ရလဒ်မကောင်းခဲ့ဘဲ အခါးသီးဆုံး မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို (၇-၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရာသီသစ် မတိုင်ခင် ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ကြုံရတာ ဟာဇက်အတွက် ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၅-၂၀၁၆ ရာသီ အစပိုင်းမှာလည်း ကြံ့ခိုင်မှုပြည့်ဝလာအောင် ရုန်းကန်ခဲ့ရဖူးတယ်လို့ ပြီးခဲ့တဲ့နှစ် အင်တာဗျူးအစီအစဉ်တစ်ခုမှာ ဟာဇက်က ပြောခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top