နယူးကာဆယ်အသင်းကို ဆော်ဒီလုပ်ငန်းစုက ဝယ်ယူမယ့်ကိစ္စအပေါ် ပိတ်ပင်ပေးဖို့ ပရီးမီးယားလိဂ်ကို beINSports ရုပ်သံလိုင်း တိုက်တွန်း

22-4-2020-yyl-011.jpg

ဆော်ဒီအစိုးရ ငွေကြေးအထောက်အပံ့ရရှိထားတဲ့ လုပ်ငန်းစုတစ်စုက ပေါင်သန်း ၃၀၀ အသုံးပြုပြီး နယူးကာဆယ်အသင်းကို ဝယ်ယူမယ့်ကိစ္စအပေါ် တားမြစ်ပိတ်ပင်ပေးဖို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကို beIN Sports ရုပ်သံလိုင်းက တိုက်တွန်းခဲ့ပါတယ်။

ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အထောက်အပံ့ရရှိထားတဲ့ လုပ်ငန်းစုတစ်စုက နယူးကာဆယ်အသင်းကို ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူဖို့ အသင်းပိုင်ရှင် မိုက်အက်ရှ်လေနဲ့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ အဲဒီသဘောတူညီမှုကို ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ထောက်ခံပေးမလား၊ ပယ်ချမလားဆိုတာ ဆုံးဖြတ်ရမှာပါ။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ဆော်ဒီလုပ်ငန်းစုရဲ့ ကမ်းလှမ်းမှုကို လက်မခံဖို့ တိုက်တွန်းထားပါတယ်။

အဲဒီစာချုပ်ကို အတည်မပြုခင် ဆော်ဒီနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို စဉ်းစားပေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ တိုက်တွန်းထားပါတယ်။ ဆော်ဒီနိုင်ငံပိုင် ဂြိုဟ်တုလိုင်းကတစ်ဆင့် ပရီးမီးယားလိဂ်ဘောလုံးပွဲတွေ မူပိုင်ခွင့်ချိုးဖောက်ပြီး ပြသခဲ့လို့ နယူးကာဆယ်အသင်းကို ဆော်ဒီလုပ်ငန်းစုက ဝယ်ယူလိုက်ရင် အနာဂတ်ကာလ ပရီးမီးယားလိဂ် ဘောလုံးလောက စည်ပင်ဝပြောရေးကို ခြိမ်းခြောက်နေတယ်လို့ beIN Sports က သတိပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top