ငယ်ပါကို ကိုင်ပြတဲ့ပုံစံ အောင်ပွဲခံမှုကြောင့် ကွာတားဖိုင်နယ်ပွဲ လွဲချော်နိုင်တဲ့ ရော်နယ်ဒို

53706677_2292141124150128_4107750783963889664_n.jpg

ငယ်ပါကို ကိုင်ပြတဲ့ပုံစံ အောင်ပွဲခံခဲ့လို့ ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခံထားရတဲ့ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အေဂျက်စ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ အက်သလက်တီကိုနဲ့ ဂျူဗင်တပ်အသင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အဲဒီလိုပုံစံနဲ့ အောင်ပွဲခံခဲ့ဖူးပါတယ်။ အဲဒီအတွက် ဒဏ်ငွေ ပေါင် ၁၇၀၀၀ ချမှတ်ခံခဲ့ရပေမဲ့ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒုတိယအကျော့ပွဲစဉ်မှာ ဟက်ထရစ်သွင်းပြီးတဲ့နောက် ဆီမြွန်နီရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ယူအီးအက်ဖ်အေက ရော်နယ်ဒိုကို မဖွယ်မရာ အပြုအမူနဲ့ စွဲချက်တင်လိုက်ပါပြီ။ လာမယ့်ကြာသပတေးနေ့မှာ ကျင်းပမယ့် ထိန်းသိမ်းရေး၊ ကျင့်ဝတ်နဲ့ စည်းကမ်းဆိုင်ရာကော်မတီ အစည်းအဝေးမှာ ရော်နယ်ဒိုရဲ့ကိစ္စကို ဆုံးဖြတ်မယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top