ခြေကျင်းဝတ်ပြုတ်ထွက်သွားတဲ့ အဲဗာတန်ကွင်းလယ်လူ ဂိုမက်စ် ခွဲစိတ်မှုအောင်မြင်

yyl-009.png

စပါးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ စပါးတောင်ပံကစားသမား ဆွန်ဟောင်မင်ရဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ပြုတ်ထွက်သွားတဲ့ အဲဗာတန်ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ရဲ့ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ အဲဗာတန်အသင်းက ကြေညာခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူ အန်ဒရီဂိုမက်စ်ဟာ ပွဲချိန်(၇၈)မိနစ်မှာ ကြောက်မက်စရာကောင်းတဲ့ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာပါ။ သူ့ကို ထမ်းစင်နဲ့ထုတ်ပြီး အိန်းထရီးဆေးရုံကို ချက်ချင်းပို့ခဲ့ရပါတယ်။

အန်ဒရီဂိုမက်စ်အနေနဲ့ လာမယ့်ရာသီ အစပိုင်းကျမှပဲ ဘောလုံးပြန်ကစားနိုင်ဖွယ် ရှိပါတယ်။ ဂိုမက်စ်ကို နောက်ကနေ လျှောထိုးဖျက်ထုတ်မိခဲ့တဲ့ ဆွန်ဟောင်မင်ကလည်း ဒဏ်ရာအခြေအနေကို မြင်တွေ့ပြီး ယူကျုံးမရဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဆွန်ဟောင်မင် ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် စိတ်ကျန်းမာရေးပညာရေးတွေကို ခေါ်ယူပေးမယ်လို့ စပါးအသင်းက ကမ်းလှမ်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top