ဝိုင်ဖြူသောက်ရင်း ဒူးရင်းသီးစားမိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံး

wine_001.jpg

ဝိုင်ဖြူသောက်ရင်း ဒူးရင်းသီးစားမိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံက အသက် (၄၈) နှစ်အရွယ် အမည်မသိအမျိုးသားတစ်ဦးဟာ ဒူးရင်းသီးစားနဲ့ဝိုင်ဖြူကို အတူစားမိတဲ့အတွက် သေဆုံးခဲ့တယ်လို့ China Press သတင်းအရသိရှိပါတယ်။ အဲဒီအမျိုးသားကို ပတ္တရားမြို့ရဲ့ Sukhumvit လမ်းမပေါ်က ကားမှတ်တိုင်မှာ ထိုင်လျက်သားသေဆုံးနေခဲ့တာကို ဩဂုတ်လ (၁၄) ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရဲတွေကတော့ အဲ့ဒီအမျိုးသားသေဆုံးခဲ့တာ (၅) နာရီလောက်ရှိပြီလို့ ခန့်မှန်းထားပါတယ်။ အမျိုးသားရဲ့အလောင်းဘေးမှာ ဝိုင်ပုလင်းအလွတ်တစ်ခုနဲ့ ဒူးရင်းသီးထည့်ထားတဲ့ ဖော့ဗူးတို့ကို တွေ့ရပါတယ်။ အဲဒီအမျိုးသားက အလုပ်ကပြန်လာပြီးတဲ့နောက်မှာ ဒူးရင်းသီးနဲ့ ဝိုင်ကို ဝယ်ခဲ့ပြီး ကားမှတ်တိုင်မှာ ကားစောင့်ရင်း စားခဲ့တာဖြစ်တယ်လို့ သူ့သူငယ်ချင်းရဲ့ပြောစကားအရ သိရပါတယ်။

ဝိုင်ဖြူသောက်ရင်း ဒူးရင်းသီးစားမိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံး

ဝိုင်ဖြူသောက်ရင်း ဒူးရင်းသီးစားမိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံး

သူ့ရဲ့သူငယ်ချင်းက ဝိုင်ဖြူနဲ့ ဒူးရင်းသီးကို အတူရောစားရင် အန္တရာယ်ရှိတယ်လို့ ပြောခဲ့ပေမယ့်လည်း သူ့စကားကို နားမထောင်ပဲ ဆက်ပြီးစားနေခဲ့ပါတယ်။ သူ့သူငယ်ချင်းက အိမ်ကိုပြန်သွားခဲ့ပြီး နောက်တစ်နေ့ ကားမှတ်တိုင်ရောက်တဲ့အခါမှာ သူ့သူငယ်ချင်းသေဆုံးနေတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဝိုင်ဖြူသောက်ရင်း ဒူးရင်းသီးစားမိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံး

ဝိုင်ဖြူသောက်ရင်း ဒူးရင်းသီးစားမိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံး

ဒူးရင်းသီးနဲ့ အရက်၊ ဝိုင်တို့ကို ရောစားတာက သေစေနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျသက်သေတွေမရှိပါဘူးလို့ စင်ကာပူနိုင်ငံရဲ့ Health Xchange က ဆိုထားပါတယ်။

ဝိုင်ဖြူသောက်ရင်း ဒူးရင်းသီးစားမိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံး

ဝိုင်ဖြူသောက်ရင်း ဒူးရင်းသီးစားမိလို့ ထိုင်းအမျိုးသားတစ်ဦး သေဆုံး

“ဒူးရင်းသီးနဲ့ ဝိုင်တို့က သေစေနိုင်လောက်တဲ့ တွဲဖက်အစားအစာဖြစ်တယ်လို့ သက်သေပြနေတဲ့ သိပ္ပံနည်းကျအထောက်အထားတွေ မရှိပါဘူး။ ဒူးရင်းသီးနဲ့ အရက်၊ ဝိုင်တို့မှာ ပါရှိတဲ့ အဆီဓာတ်၊ သကြားတွေကို ဇီဝဖြစ်စဉ်အရ ချေဖျက်ဖို့ အသည်းက နှစ်ဆလုပ်ဆောင်ရတဲ့အတွက် လေထိုးလေအောင့်ဖြစ်တာ၊ အစာမကြေတာ၊ နေထိုင်လို့မကောင်းတာတွေ ပိုဖြစ်နိုင်ပါတယ်” လို့ Health Xchange က ရေးသားထားပါတယ်။

Ref: mothership “Thai man found dead hours after allegedly drinking white wine & eating durian”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top