အံ့အားသင့်စရာအမြန်နှုန်းနဲ့ ဂျပန်ကျည်ဆန်ရထား

AABc3pU.img_.jpg

ခရီးသွားလာမှုပုံစံပြောင်းလဲဖွံ့ဖြိုးရေးကို တစိုက်မတ်မတ်ဖော်ဆောင်နေတဲ့ ဂျပန်နိုင်ငံကတော့ (၁) နာရီကို ကီလိုမီတာ (၄၀၀)/ (၂၄၉) မိုင်နှုန်းအထိ အမြင့်ဆုံးသွားနိုင်စွမ်းရှိတဲ့ ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားကို ဖန်တီးစမ်းသပ်ခဲ့ပြန်ပါပြီ။

ဒီကျည်ဆန်ရထားကို (၃) နှစ်လောက်အချိန်ယူဖန်တီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့သောကြာနေ့မှာ စတင်စမ်းသပ်မောင်းနှင်ခဲ့ပါတယ်

ALFA-X လို့အမည်ပေးထားတဲ့ ဒီကျည်ဆန်ရထားကို (၃) နှစ်လောက်အချိန်ယူဖန်တီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့သောကြာနေ့မှာ စတင် စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ၂၀၃၀ ခုနှစ်လောက်မှာ စတင်ပြေးဆွဲနိုင်မယ်လို့ခန့်မှန်းထားပြီး (၁) နာရီကို ကီလိုမီတာ (၃၆၀)/ (၂၂၄) မိုင်နှုန်းနဲ့မောင်းနှင်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံးကျည်ဆန်ရထားဖြစ်လာတော့မှာပါ။ ဆန်ဒိုင်း (Sendai) နဲ့ အိုမိုရီ (Aomori) မြို့တွေအကြားဆက်သွယ်ထားတဲ့ရထားလမ်းပိုင်းမှာ လမ်းရှင်းချိန်အတွင်း တစ်ပတ် (၂) ကြိမ်လောက် ထပ်ပြီးစမ်းသပ်မောင်းနှင်ဖို့ စီစဉ်နေပါပြီ။

အမြန်နှုန်းပိုင်းမှာ ALFA-X နည်းတူဒီဇိုင်းထုတ်ဖန်တီးထားတဲ့ Fuxing ကျည်ဆန်ရထား

တရုန်နိုင်ငံမှာတော့ အမြန်နှုန်းပိုင်းမှာ ALFA-X နည်းတူဒီဇိုင်းထုတ်ဖန်တီးထားတဲ့ Fuxing ကျည်ဆန်ရထားရှိနေပေမဲ့ သူက ALFA-X ထက် (၁) နာရီကို (၁၀) ကီလိုမီတာပိုနှေးနေပါတယ်။

ALFA-X ရဲ့ပွဲဦးထွက်စမ်းသပ်မှုဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဂျပန်ရဲ့မြန်နှုန်းမြှင့် ရှင်ကန်ဆန် N700s ရထားတွေကိုစမ်းသပ်ခဲ့မှုလိုပါပဲ။ N700S ရထားတွေကိုတော့ ၂၀၂၀ ခုနှစ်လောက်မှာ စတင်ပြေးဆွဲမှာဖြစ်ပြီး တခြား N700 စီးရီးရထားတွေနည်းတူ (၁) နာရီကို အမြင့်ဆုံး ကီလိုမီတာ (၃၀၀) နှုန်းနဲ့ မောင်းနှင်နိုင်မှာပါ။ ရထားတွေကို ထုတ်လုပ်ပြီးစီးချိန်က ၂၀၂၀ တိုကျိုနွေရာသီအိုလံပစ်အချိန်နဲ့ တစ်ချိန်တည်းဖြစ်နေလို့ လမ်းပမ်းဆက်သွယ်ရေးအတွက် များစွာအဆင်ပြေလာစေနိုင်ပါတယ်။

(၁) နာရီကို ကီလိုမီတာ (၆၃၀)/ (၃၇၄) မိုင်နှုန်းနဲ့သွားနိုင်တဲ့ ဂျပန်သံလိုက်ရထား

အခုဆိုခဲ့တဲ့ကျည်ဆန်ရထားတွေအနေနဲ့ စမ်းသပ်မောင်းနှင်မှုတွေမှာ ဘယ်လောက်အမြန်နှုန်းပဲရလာပါစေ…၂၀၁၅ ခုနှစ်တုန်းကစမ်းသပ်ခဲ့ပြီး (၁) နာရီကို ကီလိုမီတာ (၆၃၀)/ (၃၇၄) မိုင်နှုန်းနဲ့ အမြင့်ဆုံးသွားနိုင်တဲ့ ဂျပန်သံလိုက်ရထားရဲ့စံချိန်ကိုတော့ ချိုးဖျက်နိုင်မှာမဟုတ်တာတော့ အသေအချာပါပဲ။

Ref: CNN “Japan tests world’s fastest bullet train”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top