ဘာစီလိုနာက ခေါ်ချင်နေပေမဲ့ လိုင်ယွန်မှာပဲ ဒီပိုင်း ဆက်ရှိလိမ့်မယ်လို့ အသင်းဥက္ကဋ္ဌ ပြော

12-11-2020-yyl-007.jpg

ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းက တောင်ပံကစားသမား ဒီပိုင်းကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ လိုင်ယွန်ဥက္ကဋ္ဌ အူလက်စ်ကတော့ လိုင်ယွန်မှာ ဒီပိုင်း ဆက်ရှိနေလိမ့်မယ်လို့ သေချာပေါက် ပြောခဲ့ပါတယ်။

ဒီရာသီမှာ ဘာစီလိုနာအတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် အန်ဆုဖာတီက ဒူးဒဏ်ရာ ခွဲစိတ်မှုခံယူခဲ့ရလို့ ၄ လကြာ အနားယူရမယ့်အတွက် လာမယ့်အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းက ဒီပိုင်းကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့တာပါ။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကတည်းက မန်ယူကစားသမားဟောင်း ဒီပိုင်းကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းက ဒမ်ဘီလီကို ရောင်းထုတ်ပြီးမှ ဒီပိုင်းကို ခေါ်ယူနိုင်မယ့် အခြေအနေဖြစ်ပြီး ဒမ်ဘီလီကို မရောင်းထုတ်နိုင်ခဲ့လို့ ဒီပိုင်းရဲ့အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပါတယ်။ လိုင်ယွန်အသင်းဥက္ကဋ္ဌ အူလက်စ်က ” အစကတည်းက လိုင်ယွန်မှာ ဒီပိုင်း ဆက်ရှိမယ်လို့ ကျွန်တော် ပြောသားပဲ။ အဲဒီတုန်းက ဘယ်သူမှ မယုံဘူးလေ။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ ကျွန်တော်တို့အသင်း မတရားတဲ့ အခြေအနေတစ်ရပ်ကြောင့် ဥရောပပြိုင်ပွဲ ကစားခွင့်မရဘူး။ ဒါကြောင့် အခုရာသီမှာ ကျွန်တော်တို့ အောင်မြင်မှုရအောင် လုပ်ရမယ်။ ဒီပိုင်းလည်း အသင်းမှာ ဆက်ရှိနေလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လီဂူး-၁ ပြိုင်ပွဲကို ရာသီပြီးဆုံးအောင် ကစားနိုင်ခဲ့ခြင်းမရှိဘဲ တစ်ဝက်တစ်ပျက် ရပ်တည်မှုနဲ့ ဆုံးဖြတ်ခဲ့တဲ့အတွက် လိုင်ယွန်အသင်းက ဥရောပပြိုင်ပွဲ ကစားခွင့်ဆုံးရှုံးခဲ့ပါတယ်။ ဒီပိုင်းဟာ ဒီရာသီ လီဂူး-၁ ပြိုင်ပွဲမှာတော့ ၅ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးပေးထားသလို လီဂူး-၁ ပြိုင်ပွဲမှာ အခွင့်အရေးဖန်တီးနိုင်မှု အများဆုံး ကစားသမားအဖြစ် အခွင့်အရေး ၂၇ ကြိမ် ဖန်တီးပေးထားတာ တွေ့ရပါတယ်။

Ref: Dailymail ” Lyon president Jean-Michael Aulas insists Memphis Depay will NOT join Barcelona in January”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top