ဒီပိုင်းကို ခေါ်ယူဖို့ လက်ရှိကစားသမားတွေကို အရင်ရောင်းဖို့လိုတယ်လို့ ရော်နယ်ကိုးမန်း ပြော

16-9-2020-yyl-024.jpg

လိုင်ယွန်အသင်းခေါင်းဆောင် ဒီပိုင်းကို ခေါ်ယူဖို့အတွက် အသင်းမှာရှိနေတဲ့ ကစားသမားတချို့ကို အရင်ဆုံးရောင်းထုတ်ဖို့ လိုအပ်တယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။ ဒီပိုင်းက ဘာစီလိုနာအသင်းမှာ ဟော်လန်နည်းပြဟောင်း ရော်နယ်ကိုးမန်းနဲ့ ပြန်လည်ဆုံစည်းမယ်လို့ ထင်ကြေးပေးခံနေရပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ဘာစီလိုနာအသင်း ဘဏ္ဍာရေးအခက်အခဲရှိနေလို့ ဒီပိုင်းကို ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ လိုင်ယွန်ဥက္ကဋ္ဌ အူလေးစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဖလားလက်မဲ့ရာသီ ကြုံတွေ့ခဲ့ရတဲ့ ဘာစီလိုနာဟာ ကစားသမားတော်တော်များများကို ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ပီဂျာနစ်တစ်ယောက်တည်းကိုပဲ အာသာနဲ့ အလဲအထပ် လုပ်နိုင်ခဲ့ပါတယ်။

အဲဒီအတွက် နည်းပြသစ် ရော်နယ်ကိုးမန်းဟာ နောက်ထပ်ကစားသမားသစ် အားဖြည့်မှုမလုပ်နိုင်ဘဲ ရာသီသစ် စတင်ရဖို့ ရှိနေပါတယ်။ ဘာစီလိုနာဟာ စက်တင်ဘာလ ၂၆ ရက်မှာ နည်းပြအူနိုင်းအမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်အသင်းနဲ့ လာလီဂါအဖွင့်ပွဲစဉ် ကစားရမှာပါ။ မက်ဆီရဲ့ ပြဿနာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ရော်နယ်ကိုးမန်းက ” ဒီပြဿနာက ကျွန်တော့်ဆီကို ပုံချကြတာပါ။ တကယ်က မက်ဆီနဲ့ အသင်းကြားမှာ ကတောက်ကဆဖြစ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း မက်ဆီနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ ကျွန်တော်တို့ဆက်ဆံရေးက ပုံမှန်ပါပဲ”လို့ ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top