အမေရိကန်အစိုးရက Boeing 737 Max လေယာဉ်တွေကို ပျံသန်းခွင့်ပိတ်ပင်

in6.jpg

အီသီယိုးအီသီယိုးပီးယားလေကြောင်းလိုင်းရဲ့ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး နောက်ထပ်သတင်းအချက်အလက်သစ်တွေ မရမချင်း Boeing 737 Max လေယာဉ်တွေကို ပျံသန်းခွင့်မပြုဖို့ အမေရိကန်အစိုးရက ညွှန်ကြားလိုက်ပါတယ်။ (၆) လတာကာလအတွင်း Boeing 737 Max 8 လေယာဉ် ပျက်ကျမှု နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအများစုက Boeing 737 Max 8 လေယာဉ်တွေကို ပျံသန်းခွင့်ပိတ်ပင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ ပြည်ထောင်စု လေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့ (FAA)ကတော့ Boeing 737 Max 8 လေယာဉ်တွေက ပျံသန်းမှုလုပ်ဖို့ စိတ်ချရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အီသီယိုးပီးယားလေကြောင်းလိုင်းရဲ့ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးချိန်မှာ လေယာဉ်ပျက်ကျတဲ့နေရာက သက်သေအထောက်အထားသစ်တွေ၊ ဂြိုဟ်တုအချက်အလက်သစ်တွေကြောင့် အမေရိကန်အစိုးရက သူတို့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲပြင်ဆင်ခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာကနေ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကို ဦးတည်ပျံသန်းခဲ့တဲ့ လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၁၅၇ ဦးလုံး သေဆုံးခဲ့ပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ Boeing 737 Max 8 လေယာဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ဂျာဗားပင်လယ်ထဲ ထိုးကျခဲ့တဲ့ Lion Air လေကြောင်းလိုင်းရဲ့ လေယာဉ်ကလည်း Boeing 737 Max 8 လေယာဉ်အမျိုးအစားပါပဲ။ Boeing 737 Max 8 လေယာဉ်ဟာ ဘိုးရင်းကုမ္ပဏီရဲ့ နောက်ဆုံးပေါ် လေယာဉ်မော်ဒယ်တစ်မျိုးဖြစ်ပြီး ၂၀၁၇ ခုနှစ်ကမှ စတင်ပျံသန်းခဲ့တာဖြစ်ပါတယ်။

737 Max လေယာဉ်တွေကို ပျံသန်းခွင့်ပိတ်ပင်ပြီလို့ ပြည်ထောင်စုလေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့က မကြေညာခင် လေကြောင်းလိုင်းတွေအတွက် လမ်းညွှန်ချက်သစ် ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဘိုးရင်းကုမ္ပဏီက ထုတ်ပြန်ခဲ့ပါသေးတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top