အိမ်ကွင်းမှာ အေဂျက်ကို ရှုံးပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက်မှာ ဂျူဗင်တပ်အသင်း ရှယ်ယာတန်ဖိုး (၂၂) ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ (၆) မိနစ်အကြာမှာပဲ ချေပဂိုးပေးခဲ့ရပြီး ဒုတိယပိုင်းမှာ အေဂျက်အသင်းခေါင်းဆောင် ဒီလစ်က ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
အဲဒါကြောင့် ဂျူဗင်တပ်က ၂ ကျော့ပေါင်းရလဒ် ၂-၃ ဂိုးနဲ့ ချန်ပီယံလိဂ်က ထွက်ခဲ့ရတာပါ။ ဗုဒ္ဓဟူးနေ့ အစောပိုင်းက မီလန်စတော့ရှယ်ယာဈေးကွက် ပြန်ဖွင့်ချိန်မှာ ဂျူဗင်တပ်အသင်းရဲ့ ရှယ်ယာတန်ဖိုး ပြန်တက်လာပေမဲ့ အရင်ကထက်စာရင် (၁၇) ရာခိုင်နှုန်း နည်းနေတုန်းပါပဲ။ ဂျူဗင်တပ်ကို အနိုင်ရခဲ့ပြီးနောက်မှာတော့ အေဂျက်အသင်း ရှယ်ယာတန်ဖိုးက (၇.၅၈) ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်မှာ အသင်းတန်ဖိုးက ပေါင် (၂၇၂) သန်းအထိ ရှိနေပါတယ်။
Nz (ရိုးရာလေး)