သား – အဖေရေ ကျွန်တော့ချစ်သူနဲ့ လက်ထပ် အိမ်ထောင်ပြုတော့မယ်။
အဖေ – ငါ့ကို ဆောရီးပါ၊ တောင်းပန်ပါတယ်လို့ ပြော
သား – အဖေ့ကို ကျွန်တော့ ဘာအမှားလုပ်လို့ တောင်းပန်ရမှာလဲ
အဖေ – ငါ့ကို ဆောရီးပါလို့ ပြောစမ်းပါ
သား – ဘာလို့လဲ အဖေရ
အဖေ – ပြောသာပြော
သား – အကြောင်းပြချက်လေးတော့ ကျွန်တော်သိသင့်တယ် ထင်တယ် အဖေ
အဖေ- ငါ့ကို အခုတောင်းပန် မလား မတောင်းပန်ဘူးလား
သား – တောင်းပန်တယ် အဖေ … ဆောရီး
အဖေ – အေး. ဒါမှ ငါးသား။ မင်း လေ့ကျင့်မှုအောင်မြင်ပြီ။ အိမ်ထောင်ပြုဖို့အတွက် ရှိရမယ့် အရည်အချင်း တစ်ခု မင်းဆီမှာရှိသွားပြီ။
သား – အွန်. အဲ့ဒါဘာလဲဗျ။
အဖေ – အကြောင်းပြချက် မရှိပဲ တောင်းပန်ရတဲ့ အလုပ်