သမုဒ္ဒရာရဲ့ အနက်ဆုံးအပိုင်းအထိ စံချိန်တင်ဆင်းသက်ခဲ့သူ ပလတ်စတစ်အမှိုက်များ တွေ့ရှိ

60879850_2380563675307872_8434570931820560384_n.jpg

အမေရိကန်နိုင်ငံက စွန့်စားသွားလာသူတစ်ယောက်ဟာ သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာအထိ ကမ္ဘာ့စံချိန်တင် ရေငုပ်ခဲ့ရာမှာ ပလတ်စတစ်အမှိုက်တွေ တွေ့ရှိခဲ့ပါတယ်။ ဗက်စ်ကိုဗိုဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ မာရီယာနာချောက်မှာ ရေအောက်အနက် (၇) မိုင်လောက်နီးပါး ရေငုပ်ခဲ့ပါတယ်။ အနက်ပေများလွန်းတဲ့နေရာမှာ ရေငုပ်ဖို့အတွက် ပြင်းထန်တဲ့ဖိအားဒဏ် ခံနိုင်အောင် တည်ဆောက်ထားတဲ့ ရေငုပ်ယာဉ်နဲ့ မာရီယာနာချောက် အောက်ခြေမှာ (၄) နာရီကြာအောင် စွန့်စားသွားလာခဲ့တာပါ။ ချောက်အောက်ခြေမှာ ရေနေသတ္တဝါတွေ၊ ပလတ်စတစ်အိတ်တစ်လုံးနဲ့ သကြားလုံးခွံတွေ တွေ့ရှိခဲ့ပါတယ်။

ဗက်စ်ကိုဗိုရဲ့ ရေငုပ်မှုဟာ သမုဒ္ဒရာရဲ့ အလွန်နက်ရှိုင်းတဲ့နေရာကို လူသားတစ်ဦး တတိယအကြိမ်မြောက်သွားရောက်နိုင်ခဲ့တာပါ။ ၁၉၆၀ ပြည့်နှစ်မှာ အမေရိကန်ရေတပ်ဗိုလ်ကြီး ဒွန်ဝက်ရှ်နဲ့ ဆွီဒင်နိုင်ငံသား အင်ဂျင်နီယာ ပစ်ကတ်တို့က မာရီယာနာချောက်အောက်ခြေကို သွားရောက်ခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်မှာ ရုပ်ရှင်ဒါရိုက်တာ ဂှိမ်းစ်ကင်မရွန်က ရေငုပ်ယာဉ်နဲ့ တစ်ကိုယ်တော်ရေငုပ်ခဲ့ဖူးပါတယ်။ ဗက်စ်ကိုဗိုကတော့ ရေအောက်အနက် (၃၅၈၄၉) ပေအထိ ရေငုပ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top