ဩစတေးလျနိုင်ငံအတွင်းက ကျား မ ဦးရေကွာဟမှုအများဆုံးရှိနေတဲ့နေရာများစာရင်းကို ဩစတေးလျနိုင်ငံသတင်းအချက်အလက်ရေးရာဌာနက ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ထုတ်ပြန်လိုက်ပြီး စာရင်းပါအချက်အလက်တွေအရ ဒါဝင် (Darwin) မြို့တစ်မြို့မှာ အမျိုးသမီးဦးရေပိုများတာကလွဲပြီး မဲလ်ဘုန်း၊ ဆစ်ဒနေ နဲ့ တခြားသောမြို့တော်အားလုံးလိုလိုမှာ ကျား မ ဦးရေအချိုးများပြားမှုပြဿနာရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီလိုမျိုး ကျား/ မ ဦးရေကွာဟချက်များလွန်းနေခြင်းက မတူကွဲပြားတဲ့ အခြေချနေထိုင်ရာနေရာအသီးသီးအပေါ်မှာမူတည်တတ်ကြောင်း သန်းခေါင်စာရင်းပညာရှင် ဘားနတ်ဒ် ဆော့ထ် (Bernard Salt) ကရှင်းပြခဲ့ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် စောစီးစွာသေဆုံးရနိုင်ချေပိုများတတ်တာကြောင့်လည်း အမျိုးသမီးဦးရေပိုများနေခြင်းဆိုတာကသိပ်မထူးဆန်းလှပါဘူးလို့ သူကပြောပါသေးတယ်။
အမျိုးသမီးတွေဟာ သူတို့သဘောကျရာအရည်အချင်းတွေပိုင်ဆိုင်ထားတဲ့လက်တွဲဖော်အမျိုးသားတစ်ဦးကို တက္ကသိုလ်တွေ၊ ဆေးရုံတွေများစွာရှိနေရာမြို့ကြီးပြကြီးတွေမှာပဲ ရှာဖွေလိုတာဖြစ်ပါတယ်။ အကယ်၍သာ သူတို့အနေနဲ့ သတ္ထုတူးဖော်ရေးလုပ်ငန်းခွင်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်နဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေလို အမျိုးသားဦးရေများတဲ့နေရာအသီးသီးမှာရွေးချယ်ကြမယ်ဆိုရင်တော့ ရွေးစရာအမျိုးသားဦးရေက အခုထက်ပိုများမယ်လို့ ဆော့ထ်ကရှင်းပြခဲ့ပါတယ်။
ဩစတေးလျကဆင်ခြေဖုံးအရပ်ဒေသတွေဟာ လူလွတ်အမျိုးသမီးတွေအတွက် လက်တွဲဖော်အမျိုးသားတစ်ဦးနဲ့တွေရ့စေဖို့ အခွင့်အလမ်းပိုရှိစေတဲ့နေရာတွေဖြစ်နေပြီး အပြန်အလှန်အားဖြင့် လူလွတ်အမျိုးသားတွေအနေနဲ့ အမျိုးသမီးဦးရေပိုများတဲ့ မြို့ကြီးပြကြီးနေရာတွေမှာ ဖူးစာဖက်ရှာတွေ့မယ့်အခွင့်အရေးကို ပိုရနိုင်မှာဖြစ်ပါတယ်။
Ref: Daily Mail “The Australian Bureau of Statistics has revealed Suburban and regional areas which have the highest proportion of males and females”
TH (ရိုးရာလေး)