အစားထိုးခွဲစိတ်ကုသမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အဆမတန်အအေးခံရင် သုံးဆပိုအထားခံနိုင်ဖွယ်ရှိ

yyl-034-1.jpg

လူ့အသည်းတွေကို အစားထိုးခွဲစိတ်ကုသမှုမလုပ်ခင် အပူချိန် အနုတ်(-၄)ဒီဂရီဆဲလ်စီးယက်မှာ အအေးခံထားရင် သမားရိုးကျ အအေးခံထားတဲ့ အသည်းတွေထက် ၃ ဆ ပိုအထားခံနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။အစားထိုးခွဲစိတ်ကုသမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အဆမတန် အအေးခံရင် ဇီဝကမ္မဖြစ်စဉ်ကို လျှော့ချပေးလို့ ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် အစားထိုးခွဲစိတ်မှုလုပ်မယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တစ်ရက်ကျော် သိမ်းဆည်းထားနိုင်ဖို့ ရှိနေပါတယ်။ ဒါဟာ ခန္ဓာကိုယ် အစားထိုးခွဲစိတ်ကုသမှုမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်တယ်လို့ သုတေသီတွေ့ ပြောပါတယ်။ မက်ဆာချူးဆက်ပြည်နယ် အထွေထွေဆေးရုံနဲ့ ဟားဗတ်တက္ကသိုလ်က အဖွဲ့ဟာ လွန်ခဲ့တဲ့(၅)နှစ်ကတည်းက အဆမတန် အအေးခံတဲ့နည်းပညာကို ကြွက်တွေမှာ စတင်စမ်းသပ်ခဲ့တာပါ။ သေးငယ်တဲ့ ကြွက်အသည်းကို အအေးခံပြီး အသည်းသွေးကြောကနေတစ်ဆင့် အာဟာရဓာတ်နဲ့ အောက်ဆီဂျင် စေလွှတ်ပေးခဲ့ရာမှာ
အောင်မြင်မှုရခဲ့ပါတယ်။

ဒါပေမဲ့ အလေးချိန် ၁၀ ဂရမ်ပဲရှိတဲ့ ကြွက်အသည်းကို စမ်းသပ်ရာကနေ အလေးချိန် ၁.၅ ကီလိုဂရမ်ရှိတဲ့ လူ့အသည်းကို ပြောင်းလဲစမ်းသပ်ဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သုတေသနအဖွဲ့က ပြောပါတယ်။ ကြီးမားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အအေးခံတဲ့အခါ ရေခဲအပိုင်းအစတွေ ဖြစ်လာနိုင်တဲ့ အန ္တရာယ်ပိုများပါတယ်။ အဲဒီလိုဖြစ်လာရင် ဆဲလ်တွေ ပေါက်ပြဲစေနိုင်ပြီး တစ်သျှူးတွေ သေစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top