ဂရစ်ဇ်မန်းကြောင့် အိမ်ကွင်းပိတ်ပင်ခံရဖွယ်ရှိနေတဲ့ ဘာစီလိုနာ

yyl-016-4.jpg

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခွင့်ပြုချက်မရခင် ကြိုတင်သဘောတူညီချက် ရယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် ဘာစီလိုနာအသင်းအနေနဲ့ နျူးကမ့်ကွင်းကို ပိတ်ပစ်ရတဲ့အထိ အပြစ်ပေးခံရဖို့ ရှိနေတယ်လို့ စပိန်သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အက်သလက်တီကိုအသင်းနဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ သူ့ရဲ့ ထွက်ခွာခွင့်လျော်ကြေးကို ပေါင် ၁၇၇ သန်းလို့ ဖော်ပြထားပေမဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ ပေါင် ၁၀၆ သန်းအထိ လျှော့ချပေးထားပါတယ်။

စာချုပ်ပါလျော်ကြေးတန်ဖိုး ကျဆင်းမသွားခင်ကတည်းက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း သဘောတူညီခဲ့တာလို့ အက်သလက်တီကိုက စွပ်စွဲထားပါတယ်။ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပေါင် ၁၀၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ဘာစီလိုနာအသင်းက စည်းမျဉ်းချိုးဖောက်ပြီး ဂရစ်ဇ်မန်းကို ခေါ်ယူတဲ့အတွက် ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ နျူးကမ့်ကွင်းကို ပိတ်ပေးဖို့ အက်သလက်တီကိုက တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်က ကာတာလန်ဒေသမှာ ကိုယ်ပိုင်လွတ်လပ်ရေး ဆန္ဒခံယူပွဲ ကျင်းပနေချိန်အတွင်း ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့လို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလက လက်စ်ပါးမက်စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့ နျူးကမ့်ကွင်း ပိတ်ခဲ့ရပြီး ပရိသတ်မပါဘဲ ကစားခဲ့ရဖူးပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာအတွက် ကွင်းပြင်ပပြဿနာတွေ ရှိနေပေမဲ့ ဂရစ်ဇ်မန်းရဲ့ ကွင်းတွင်းခြေစွမ်းကို
ထိခိုက်မှုမရှိဘူးလို့ ဆိုရမှာပါ။ သူဟာ ဘက်တစ်ကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ၂ ဂိုးသွင်းယူခဲ့ပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top