အင်ဒိုနီးရှားတွင် အစပြုသည့် လေထုညစ်ညမ်းမှု ဘေးအန္တရာယ် ဖိလစ်ပိုင်နိုင်ငံအထိ ပျံ့နှံ့

article_02.jpg

အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပေါ်နသော တောမီးလောင်ကျွမ်းမှုကြောင့် စင်ကာပူနှင့် မလေးရှားနိုင်ငံသာမက ယခုဆိုလျှင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့အထိ မီးခိုးမြူများ ပျံ့နှံ့နေပြီဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ မီးခိုးမြူများသည် ယခုအပတ်အစောပိုင်းကပင် စီဘူးမြို့သို့ စတင်ရောက်ရှိလာသည်ဟု ဖိလစ်ပိုင်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဗျူရို အရာရှိတစ်ဦးက ဆိုသည်။ စီဘူးမြို့သည် ဆူမားတြား ကျွန်းနှင့် ၂၇၀၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး လူဦးရေ လေးသန်းခန့် နေထိုင်သည်။

ယခုလက်ရှိ လေထုအရည်အသွေးသည် စိတ်ချရသည့် အခြေအနေတွင် တည်ရှိနေသော်လည်း စောင့်ကြည့် အခြေအနေတစ်ခုအဖြစ် သတ်မှတ်ထားသည်။ အစိုးရအဖွဲ့ဝင်များသည် စီဘူးမြို့ ဒေသခံ ပြည်သူများအား အဆောက်အအုံ အတွင်းတွင် နေထိုင်ရန်နှင့် အပြင်ထွက်လျှင် မီးခိုးငွေ့သန့်စင်ပေးနိုင်သည် N59 masks များတပ်ဆင်ရန် ညွှန်ကြားထားသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှိသည့် ဒေသခံများအနေဖြင့် လေထုညစ်ညမ်းစေသည့်အမှုန်များ စုဝေးနေနိုင်ဖွယ်ရှိသည့် မြေနိမ့်ပိုင်းဒေသများသို့ မသွားလာရန် ညွှန်ကြား ထားသည်။ မြို့တွင်းရှိ ယာဉ်မောင်းများ အားလုံးကို ပို၍သတိပြုမောင်းနှင်ရန်နှင့် မြင်ကွင်းမရှင်းလင်းသည့် နေရာများတွင် ကားမီးကြီးများ အသုံးပြုရန် ညွှန်ကြားထားသည်။

ယခုကဲ့သို့လေထုညစ်ညမ်းမှု အေခြေအနသည် စီဘူးမြို့တွင်၂၀၁၅ ခုနှစ်က တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။ ထိုအချိန်က လေယာဉ်မောင်းနှင်ရာတွင် ၈ ကီလိုမီတာအကွာအဝေးအထိသာ လှမ်းမြင်ရသည်ဟု လေယာဉ်မှူးများက ဆိုခဲ့ပြီး စီဘူးမြို့သို့ ပျံသန်းသည့် လေကြောင်းလိုင်းများအားလုံးကို ဖျက်သိမ်းခဲ့ရသည်။

ဆူမားတြားကျွန်းတွင် ဖြစ်ပေါ်သည့် တောမီးလောင်ကျွမ်းမှုကြောင့် စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတွင် လေထုညစ်ညမ်းမှု ဘေးအန္တရာယ်များ ကြုံတွေ့နေရသည်။

တောမီးလောင်ကျွမ်းမှုနှင့် ဆက်စပ်၍ သံသယရှိသူ အယောက် ၂၃၀ အား ဖမ်းဆီးထားပြီး တောမီးလောင်မှုတွင် ပါဝင်ပတ်သက်သူများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တည်ဆဲဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် (၁၀)နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဟု အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်ခဲ့သည်။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)
Source: The Straits Times

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top