ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရေး ရုံးတင်စစ်ဆေးမှုမှာ ဂျူရီအဖြစ် ပါဝင်မယ့် အထက်လွှတ်တော်အမတ် ၁၀၀ ကျမ်းသစ္စာကျိန်ဆို

yyl-016-10.jpg

သမ္မတဒေါ်နယ်ထရမ့်ကို စွဲချက်တင်တဲ့ ရုံးတင်စစ်ဆေးမှုမှာ ဂျူရီအဖွဲ့ဝင်တွေအဖြစ် ပါဝင်ဆောင်ရွက်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် ၁၀၀ က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်တွေအနေနဲ့ ဘက်မလိုက်ဘဲ တရားမျှတစွာ ဆောင်ရွက်ကြဖို့ အထက်တရားရုံးချုပ် တရားသူကြီးချုပ် ဂျွန်ရောဘတ်က ကျမ်းကျိန်ခိုင်းခဲ့ပါတယ်။ အောက်လွှတ်တော် အမတ်တွေရဲ့ စွဲချက်တင်မှုတွေကြောင့် ဒေါ်နယ်ထရမ့်ကို သမ္မတရာထူးကနေ ဖြုတ်ချသင့်၊ မဖြုတ်ချသင့်ဆိုတာကို လာမယ့်သီတင်းပတ်တွေအတွင်းမှာ အထက်လွှတ်တော်အမတ်တွေက ဆုံးဖြတ်ရာမှာဖြစ်ပါတယ်။ အထက်လွှတ်တော်ရဲ့ ရုံးတင်စစ်ဆေးမှုကို ဇန်နဝါရီလ ၂၁ ရက်နေ့ စတင်မှာဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ်တွေဟာ ဂျူရီအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ စာအုပ်မှာ လက်မှတ်မထိုးခင် ဘက်မလိုက်ဘဲ တရားမျှတအောင် ဆောင်ရွက်မယ်လို့ အထက်လွှတ်တော်အမတ်တွေက တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အာဏာအလွဲသုံးစားမှု၊ လွှတ်တော်ကို ကြားဝင်ဟန့်တားမှု စတဲ့စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ အမှားအယွင်းလုပ်ခဲ့ခြင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပြီး သူ့အပေါ် စွပ်စွဲမှုတွေက အလိမ်အညာတွေလို့ တုံ့ပြန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top