နှစ်သစ်မှာ F5 Series ထုတ်ကုန်များ စမ်းသပ်သုံးစွဲနိုင်စေမယ့် Roadshow ပွဲကျင်းပခဲ့တဲ့ Oppo

02.JPG

OPPO Myanmar က ၂၀၁၈နှစ်သစ် တွင် ဆန်းသစ်နည်းပညာများ ပေါင်းစပ် ထည့်သွင်းပေးထားတဲ့ ထုတ်ကုန်များအတွက် OPPO F5 Series New Year Fresh Experience Roadshow ပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်၊ ၃ရက်နေ့များတွင် ရန်ကုန်မြို့ Hledan Center မှာ ကျင်းပ ပြုလုပ်ပေးခဲ့သည်။

ယခုပွဲမှာဈေးကွက်ထဲ ရောင်းချပေးလျက်ရှိသည့် OPPO F5 Youth နဲ့ OPPO F5 ထုတ်ကုန်သစ်များကို ကိုယ်တိုင်ကိုယ်ကျလာရောက် လေ့လာ စမ်းသပ် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး လာရောက်ကြသည့် ပရိသတ်များအားလုံးအတွက် ကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်စေမယ့် ပျော်စရာ ဂိမ်းအစီအစဉ်များ၊ Selfie ပြိုင်ပွဲများကို ထည့်သွင်းပေးခဲ့ကာ အပန်းပြေစေမယ့် မျက်လှည့် Magic Show နှင့် Dancing အစီအစဉ်များနှင့်ပါ ဧည့်ခံ ဖျော်ဖြေပေးခဲ့သည်။

ထို့အပြင် ဒုတိယမြောက်နေ့ဖြစ်သောဇန်နဝါရီလ ၃ရက်နေ့တွင် OPPO Myanmar Facebook Page ကနေကြိုတင်ကြေညာထားသည့်အတိုင်း OPPO ၏ Customer Relations Ambassador ဖြစ်သူ X-box နဲ့ Mi Sandi တို့က ဖျော်ဖြေမှုများ တင်ဆက်ပေးခဲ့ကြပြီး ပရိသတ်များနှင့်အတူ ပျော်ရွှင်စရာ ဂိမ်းများ ကစားခြင်း၊ အုပ်စုလိုက် ဓာတ်ပုံတွဲရိုက်ခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ လာရောက်လေ့လာကြတဲ့ ပရိသတ်များအား OPPO F5 Youth နှင့် OPPO F5 ထုတ်ကုန်သစ်တို့ရဲ့ နည်းပညာသစ်များကို မိတ်ဆက်ပေးခဲ့ကြပြီး အထူးသဖြင့် 6.0’’ FullHD+ Full Screen မျက်နှာပြင်၊ A.I. Beauty Technology နဲ့ Face Unlock နည်းပညာများကို ပိုမိုစိတ်ဝင်စားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ လက်ရှိဈေးကွက်ထဲတွင် OPPO F5 Youth ကို ၃၁၉,ဝဝဝကျပ်နှင့် OPPO F5 ကို ၃၆၉,ဝဝဝ ကျပ်တို့ဖြင့် ဝယ်နိုင်နေပြီလို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top