စိတ်ဝိညာဉ်နှစ်ခုကိုပေါင်းစည်းပေးခဲ့တဲ့ “Just Between Lovers” ဇာတ်လမ်းတွဲ

Just-Between-Lovers-TP2.jpg

သရုပ်ဆောင်ပိုင်း အားနည်းချက်ရှိရင်တောင်မှ စိတ်မပျက်ဘဲ Lee Junho ကိုခေါင်းဆောင်မင်းသားနေရာက အားပေးဖို့စောင့်နေတဲ့ ကိုရီးယားပရိသတ်တွေအများကြီးရှိပါတယ်။

Just Between lovers ( ချစ်သူနှစ်ဦးကြား) ဆိုတဲ့ ဇာတ်လမ်းတွဲက ချစ်ရသူကို အသီးသီးဆုံးရှုံးခဲ့လို့ အိုးပျက်အိမ်ပျက် အပျက်အစီးတွေကြားမှာ ရှင်သန်နေထိုင်ရင်း စိတ်ထိခိုက်ခံစားနေရတဲ့ Kang Doo နှင့် Ha Moon Soon တို့နှစ်ဦးအကြောင်းပါ။ သူတို့နှစ်ဦးက ချစ်သူတွေသေဆုံးခဲ့မှုအပေါ် အပြစ်ရှိသလိုခံစားနေရသူတွေပါ။ ပထမအပိုင်း(၄) ပိုင်းကြည့်ပြီးချိန်မှာတောင်ကြည့်ရှုသူတွေကို အဓိကဇာတ်ဆောင်နှစ်ဦးပေါ်မှာ သနားစိတ်တွေဖြစ်ပေါ်စေပါတယ်။ ဒီလိုမျိုးနဲ့ ဇာတ်လမ်းကိုအစပျိုးပြီးနောက်ပိုင်းမှာ သူတို့နှစ်ဦးရင်းနှီးမှုတွေ ထူးထူးခြားခြားပေါ်ပေါက်လာတော့ ပရိသတ်တွေက သူတို့ငိုလည်းလိုက်ငို ၊ ရယ်ရင်လည်း လိုက်ရယ်မိပါတယ်။

အပိုင်း (၁) နှင့် (၂)မှာ အဓိကဇာတ်ဆောင်နှစ်ဦးက သူတို့ချစ်သူတွေ သေဆုံးခဲ့တဲ့ အဖြစ်ဆိုးကြီးအပြီး ၁၀ နှစ်ကြာ နေ့စဉ်နှင့် အမျှ အသီးသီး ဘယ်လိုရှင်သန်ခဲ့ကြလဲပြောပြထားတာပါ။ အတိတ်ကဒဏ်ရာတွေကိုတူးဆွလိုက် လက်ရှိဘဝမှာရပ်တည်လိုက်နဲ့ အတိတ်နဲ့ ပစ္စုပ္ပန်နှစ်ခုကိုတစ်လှည့်စီပြပေးတဲ့အတွက် ပရိသတ်တွေက ဇာတ်အိမ်အကြောင်း ပိုထဲထဲဝင်ဝင်နားလည်ပါတယ်။ ဒါ့အပြင် ကြေမွပျောက်ဆုံးနေတဲ့သူတို့နှစ်ဦးရဲ့ စိတ်ဝိညာဉ်ကိုကံကြမ္မာကလှလှပပလေးပေါင်းစပ်ပေးလိုက်ပါတယ်။ ဒါပေမဲ့လို့သူတို့နှစ်ဦးပေါင်းစပ်မှုကို တတိယလူအဖျက်သမားက ဝင်ရောက်နှောင့်ယှက်ပါတယ်။ ဒါပဲလေ ။ သုံးပွင့်ဆိုင်ဖြစ်မှလည်း အချစ်ဇာတ်လမ်းကပီပြင်မှာကိုး။ Seo Joo Won က Moon Soo နဲ့တစ်ရုံးထဲမှာအတူတူလက်တွဲလုပ်တဲ့ သူမရဲ့ အထက်အရာရှိ ဗိသုကာပညာရှင်ပါ။ Joo Won ကလည်း သူမအပေါ်ဘယ်လို မျိုးခံစားချက်တွေဖြစ်လာမလဲတော့ စောင့်ကြည့်ရမှာပါ။ ဇာတ်အိမ်အကြောင်းအရာတွေစပြီးရှုပ်ထွေးစေတဲ့အချိန်က Joo Won ရဲ့ရည်းစားဟောင်းကပေါ်လာပြီး သူနဲ့ပြန်တွဲဖို့ကြိုးစားတာပါပဲ ။ ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့စောင့်ကြည့်ရအောင်။

ဒီဇာတ်လမ်းတွဲမှာ နောက်ထပ်အင်အားဖြည့်ထားတဲ့ သရုပ်ဆောင်ကတော့ Jung Yoo Taek ပါ။ ဗီလိန်ပါမှပဲ ဇာတ်လမ်းကဇာတ်အိမ်ကြွမှာလေ။ Yoo Taek က Joo Won ရည်းစားဟောင်းရဲ့အကိုဖြစ်သူနေရာကသရုပ်ဆောင်ထားပြီး မိသားစုပြသနာတွေအအများကြီးပေါ်ပေါက်စေတဲ့ဇာတ်ရုပ်ကသရုပ်ဆောင်မှာပါ။ ဒီဇာတ်လမ်းတွဲကလူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကိုဖော်ကျူးထားလို့ ပရိသတ်တွေတကယ်ကိုအကြိုက်တွေ့မယ့်ဇာတ်လမ်းတွဲပါ။ ကိုရီးယားမှာ အခုထုတ်လွှင့်ပြသနေပြီဖြစ်လို့ မြန်မာပြည်မှာ အခွေထွက်ရင်မလွတ်တမ်းကြည့်ရှုပါလို့ သတင်းကောင်းပါးလိုက်ပါတယ်။

May Moe (ရိုးရာလေး)

Ref : KDrama : Just Between Lovers’ Reunites Two Broken Souls

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top