ကွင်းလယ်လူ ဖာနန်ဒက်ဇ်ကို ယူရို(၅၅)သန်းနဲ့ ခေါ်ယူဖို့ မန်ယူ သဘောတူညီမှု ရပြီလို့ ဆို

yyl-023-17.jpg

မန်ယူအသင်းဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ်ကို ယူရို(၅၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။ ပေါ်တူဂီအသင်း လက်ရွေးစင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ်အတွက် မန်ယူအသင်းက ကနဦးပြောင်းရွှေ့ကြေး ယူရို(၅၅)သန်း ပေးရမှာဖြစ်ပြီး သူတို့နှစ်သင်းကြား သဘောတူညီခဲ့တဲ့ အချက်အလက်တွေအရ စုစုပေါင်းပြောင်းရွှေ့ကြေးက ယူရိုသန်း(၈၀)အထိ မြင့်တက်လာဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မန်ယူနဲ့ စပို့တင်းလစ္စဘွန်းအသင်းကြား ကစားသမားရဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်ရာမှာ ကွာဟချက် ကြီးမားခဲ့လို့ ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းက ယူရိုသန်း(၈၀)လိုချင်ပြီး မန်ယူက ယူရိုသန်း(၅၀)ပဲ ပေးချင်လို့ အဆင်မပြေဖြစ်ခဲ့တာပါ။ ဘရူနိုဖာနန်ဒက်ဇ်က မန်ယူကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးမယ်၊ Ballon d’Or ဆုတွေ ရရှိမယ်ဆိုရင် မန်ယူက ဆုကြေးငွေ ယူရို(၁၀.၅)သန်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီကမ်းလှမ်းချက်က ဖြစ်နိုင်ခြေနည်းပါးတယ်ဆိုပြီး စပို့တင်းလစ္စဘွန်းက ပယ်ချခဲ့တာပါ။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က မန်ယူအသင်းကို ပြောင်းရွှေ့ချင်နေလို့ တစ်ကျော့ပြန် ဆွေးနွေးရာမှာ သဘောတူညီမှု ရခဲ့တာလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top