နေ့စဉ်လူနေမှုဘဝနဲ့ ငွေကြေးဆိုင်ရာကို ပေါင်းစပ်ထားတဲ့ One Pay app

4_Group-Photo_Onepay-lifestyle-Super-App-Launch-Event.jpg

နေ့စဉ်လူနေမှုဘဝနဲ့ ငွေကြေးဆိုင်ရာတို့ကို ပေါင်းစပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်းလ် Super App ဖြစ်တဲ့ Onepay app ကို ဖေဖော်ဝါရီလ ၆ ရက်က Pullman Yangon ဟိုတယ်မှာ မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။ ကားလက်မှတ်ဝယ်တာ၊ ဘေလ် ပေးချေတာ၊ အစားအသောက်မှာယူတာ၊ လူမှုအသင်းအဖွဲ့တွေထံ ငွေလှူဒါန်းတာ အစရှိတဲ့ ကိစ္စရပ်တွေကို သက်သောင့်သက်သာနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး Onepay app ကို ဖန်တီးခဲ့တာပါ။

မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်နဲ့ စမတ်ဖုန်းရှိသူတိုင်း Onepay app ကို အသုံးပြုနိုင်ပါတယ်။ MM Bus Ticket, First National Insurance, Food2u, World Wildlife Fund, Htoo Foundation, Yangon United Sports Complex, Flymya နဲ့ rgo 47 တို့လို မိတ်ဖက်လုပ်ငန်း၊ အဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှုတွေကို Onepay app မှာ ရွေးချယ်ရယူနိုင်ပါတယ်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) ကလည်း ဘဏ်လုပ်ငန်းမိတ်ဖက်အဖြစ် ပူးပေါင်းပါဝင်ထားပါတယ်။ Onepay app ကို android နဲ့ပဲဖြစ်ဖြစ် iOS နဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပြီး playstore နဲ့ apple app store တွေမှာ download ရယူနိုင်ပါတယ်။ Onepay အကြောင်း အပြည့်အစုံ သိချင်ရင်တော့ Onepay ရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ www.onepay.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top