စားပြီးသား ငှက်ပျောခွံက ဘယ်လိုအသုံးဝင်သလဲ

yyl-009-7.jpg

ကြားရတာထူးဆန်းသွားလား။ ငှက်ပျောသီးက အာဟာရဓါတ်ပေါင်းများစွာနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ကြွယ်ဝတဲ့အသီးတစ်မျိုးပါ။ သူ့မှာ ဗီတာမင် B6၊ B12 ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ပါဝင်မှုများပါတယ်။ အဲဒီငှက်ပျောသီးကို စားပြီးရင်တော့ အခွံကိုလွှင့်ပစ်ကြတာပဲလေ။ အခုတော့ အမှိုက်အဖြစ်သတ်မှတ်ကြတဲ့ ငှက်ပျောခွံရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အသုံးဝင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။
ငှက်ပျောခွံရဲ့အသုံးဝင်ပုံ ၁၀ မျိုး

(၁) သွားကို ဖြူစင်တောက်ပစေတယ်

ငှက်ပျောခွံနဲ့ နေ့တိုင်း တစ်မိနစ်လောက်သွားတိုက်ပေးပါ။ တစ်ပတ်လောက်ကြာရင် ပုလဲလုံးလေးတွေစီထားသလို သွားတွေဖြူစင်တောက်ပလာမှာပါ။

(၂) ကြွက်နို့သတ်နိုင်တယ်

ငှက်ပျောခွံနဲ့ ကြွက်နို့သတ်လို့ရသလို နောက်ထပ်လည်းမဖြစ်လာအောင် အမြစ်ပြတ်စေတယ်လို့ သိရပါတယ်။ ကြွက်နို့ရှိတဲ့နေရာမှာ
ငှက်ပျောခွံနဲ့ပွတ်ပေးတာ ဒါမှမဟုတ် တစ်ညလောက် ကပ်စည်းထားပေးတာမျိုး လုပ်ရုံပါပဲ။

(၃) စားလို့လည်းရတယ်

ငှက်ပျောခွံကိုစားလို့ရပါတယ်။ ငှက်ပျောခွံနဲ့ချက်တဲ့ အိန္ဒိယဟင်းချက်နည်းတွေရှိပါတယ်။ ကြက်သားကိုနူးအိစေဖို့လည်း သုံးကြတယ်လို့သိရပါတယ်။

(၄) ဝက်ခြံပျောက်တယ်

ငှက်ပျောခွံနဲ့ မျက်နှာနဲ့ခန္ဓါကိုယ်ကို တစ်နေ့ ၅ မိနစ်လောက် နှိပ်နယ်ပေးရင် ဝက်ခြံပျောက်ပါတယ်တဲ့။ တစ်ပတ်လောက်ဆို ရလဒ်သိသာနိုင်တယ်လို့ဆိုပါတယ်။

(၅) အရေးအကြောင်းတွေလျော့စေတယ်

ငှက်ပျောခွံက အရေပြားကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောခွံကိုကြိတ်ပြီး ကြက်ဥအနှစ်ထည့်ပါ။ မွှေပြီးရတဲ့အနှစ်ကို မျက်နှာမှာလိမ်း၊ ၅ မိနစ်နေရင် မျက်နှာသစ်ပါ။

(၆) အကိုက်အခဲပျောက်စေတယ်

ငှက်ပျောခွံကို နာကျင်ကိုက်ခဲနေတဲ့နေရာပေါ် တင်ထား၊ကပ်ထားပေးပါ။ မိနစ် ၃၀ ကြာတဲ့အခါ နာကျင်ကိုက်ခဲမှုသက်သာလာပါလိမ့်မယ်။ အဆီတစ်မျိုးမျိုးနဲ့ရောပြီး လိမ်းကပ်ပေးရင်လည်း ရပါတယ်။

(၇) ဆိုရီရေးစစ်အရေပြားပြဿနာကို ကုသနိုင်တယ်

ဆိုရီရေးစစ်အရေပြားနာပေါ် ငှက်ပျောခွံကပ်ထားပေးပါ။ သူက အစိုဓါတ်ကိုထိန်းပေးတဲ့အာနိသင်ရှိတဲ့အပြင် ယားယံမှုကိုလည်း သက်သာစေပါတယ်။ အရေပြားနာတွေကို အကျက်မြန်စေပြီး အမြန်ဆုံးသက်သာစေမှာပါ။

(၈) ကြမ်းပိုးကိုက်အနာတွေကို ကုသနိုင်တယ်

ခြင်ကိုက်၊ ကြမ်းပိုးကိုက်ခံရတဲ့နေရာကို ငှက်ပျောခွံနဲ့နှိပ်ပွတ်ပေးပါ။ နာကျင်မှုနဲ့ အယားသက်သာစေပါလိမ့်မယ်။

(၉) ဖိနပ်တိုက်လို့ရတယ်

ဖိနပ်၊ လည်သာနဲ့ ငွေထည်တွေကို ငှက်ပျောခွံနဲ့ပွတ်တိုက်ပေးရင် ပိုမိုတောက်ပလာစေပါတယ်။

(၁၀) ခရမ်းလွန်ကာကွယ်တယ်

ငှက်ပျောခွံက မျက်စိကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောခွံကို နေပူခဏပြပြီး မျက်ခွံပေါ်မှာ ပွတ်ပေးပါ။ ရေတိမ်ဖြစ်လာနိုင်ခြေကို လျော့နည်းစေပါလိမ့်မယ်။

အရေးကြီးတာက –

ငှက်ပျောသီးက ဆေးမထိထားတဲ့ လတ်ဆတ်တဲ့အသီးဖြစ်ရပါမယ်။
ငှက်ပျောသီးကိုအခွံနွှာယူပြီး အသားကိုဒီအတိုင်းအကြာကြီးမထားပါနဲ့။
ခွာပြီးရင်ချက်ချင်းစားပါ။ အခွံကိုလည်း အလားတူပဲ ခွာပြီးတာနဲ့ချက်ချင်းသုံးပါ။
ငှက်ပျောသီးကို အးမြပြီးခြောက်သွေ့တဲ့နေရာမှာပဲထားပါ။
အခွံတွေကို ရေခဲသေတ္တာထဲ ဘယ်တော့မှ မထည့်ထားပါနဲ့။
ငှက်ပျောခွံကိုသုံးပြီးရင် လမ်းပေါ်၊ လူများတဲ့နေရာတွေမှာ မစွန့်ပစ်ပါနဲ့။
အမှိုက်ပုံးထဲစနစ်တကျစွန့်ပါ။

Ref : Hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top