လီဗာပူးက စိတ်ဝင်စားတဲ့အတွက် အရမ်းဂုဏ်ယူတယ်လို့ လစ်ဇစ်တိုက်စစ်မှူး တီမိုဝါနာ ပြော

yyl-028-9.jpg

ကမ္ဘာ့အကြီးကျယ်ဆုံး အသင်းဖြစ်တဲ့ လီဗာပူးအသင်းက စိတ်ဝင်စားနေတဲ့အတွက် ဂုဏ်ယူမိတယ်လို့ စပါးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ လစ်ဇစ်တိုက်စစ်မှူး တီမိုဝါနာက ဝန်ခံခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ အခုရာသီ ပြိုင်ပွဲစုံ ပွဲစဉ် ၃၂ ပွဲ ကစားရာမှာ ၂၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဥရောပရဲ့ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ လီဗာပူးအသင်းက တီမိုဝါနာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ အချိန်အတော်ကြာခဲ့ပါပြီ။

လီဗာပူးနဲ့ သတင်းထွက်နေတဲ့အပေါ် မေးမြန်းရာမှာ တီမိုဝါနာက “လက်ရှိအချိန်မှာ လီဗာပူးအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒီလိုအသင်းက ကိုယ့်ကိုယ် ဆက်သွယ်နေတယ်ဆိုတော့ အရမ်းဂုဏ်ယူမိပါတယ်။ ကျေနပ်မိတယ်။ ဒါပေမဲ့ လီဗာပူးမှာ ကစားသမားကောင်းတွေ အများကြီးရှိတာ ကျွန်တော် သိပါတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ရဦးမယ်။ လီဗာပူးမှာ ကစားခွင့်ရနိုင်တဲ့ အဆင့်အတန်းမျိုးဖြစ်လာအောင် သင်ယူစရာတွေ အများကြီးရှိနေပါသေးတယ်’’လို့ တီမိုဝါနာက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top