ရုရှားသိပ္ပံပညာရှင်တွေက Covid-19 ကာကွယ်ဆေးကို တိရစ္ဆာန်တွေမှာ စမ်းသပ်နေ

covid1.jpg

ရုရှားသိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်သစ်ကို တိုက်ဖျက်နိုင်ဖွယ်ရှိတဲ့ ကာကွယ်ဆေးနမူနာတွေကို ဆိုက်ဘေးရီးယားဒေသ ဓာတ်ခွဲခန်းတွေမှာ တိရစ္ဆာန်တွေကို ထိုးသွင်းစမ်းသပ်မှု လုပ်ခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၁၉၉ ယောက် ရှိနေပြီး တခြားဥရောပနိုင်ငံတွေထက်ယှဉ်ရင် ကူးစက်မှုပမာဏ နည်းပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရုရှားနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ အရေအတွက သိသိသာသာ မြင့်တက်လာပါတယ်။

ရုရှားနိုင်ငံမှာ Covid-19 ရှိတဲ့ လူနာတစ်ယောက် သေဆုံးခဲ့ပါတယ်။ နိုဗိုဆီဘက်စ်မြို့ရှိ ဗက်တာပြည်နယ် ဗိုင်းရပ်စ်ဗေဒနဲ့ ဇီဝနည်းပညာစင်တာက သိပ္ပံပညာရှင်တွေဟာ နည်းပညာဆိုင်ရာ ပလက်ဖောင်းခြောက်ခုကို အခြေခံထားတဲ့ ကာကွယ်ဆေးနမူနာတွေ ဖန်တီးပြီး ဘယ်လောက်ထိရောက်မှုရှိလဲ၊ ကာကွယ်ဆေး ပမာဏ ဘယ်လောက် ထိုးသင့်လဲဆိုတာကို စမ်းသပ်ခဲ့တာပါ။ Covid-19 ကာကွယ်ဆေးဖန်တီးတဲ့ လုပ်ငန်းဟာ အချိန်ကြာမြင့်ပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်လို့ အချိန် ၁၂ လကနေ ၁၈ လကြား ကြာမြင့်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top