သာမန် အအေးမိ နှာစေးတာက ၂ ပတ်၊ ၃ပတ်ကြာရင် ပျောက်ပေမယ့် လေပြွန်ရောင်ရင်တော့ တော်တော်နဲ့မပျောက်ဘဲ ကြာတတ်ပါတယ် လေပြွန်ရောင်တဲ့အခါ ချွဲသလိပ်ထပြီး ချောင်းဆိုးတာပါ တွဲပါလာတတ်ပါတယ်။
ဒီလိုမျိုး လေပြွန်ရောင်ရမ်းရတဲ့ အဓိကအချက်က ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးကြောင့်ပါ။ ဘယ်လို လက္ခဏာတွေကြည့်ရင် လေပြွန်ရောင်တာ သိနိုင်မလဲ။
– ချောင်းဆိုးခြင်း
– ချွဲသလိပ်အဖြူ၊ အဝါ ဒါမှမဟုတ် အကြည်ရောင်ထွက်ခြင်း
– အသက်ရှူကျပ်ခြင်း
– မောပန်းခြင်း
– ဖျားခြင်း
– ရင်ခေါင်းထဲမှာ ချွဲထနေခြင်း
– အသက်ရှူသံ ရွှီရွှီမြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
လေပြွန်ရောင်တာက ဆိုးရွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးက အဆုတ်ကို ကူးစက်တဲ့အခါ အဆုတ်ရောင်ရောဂါ (နမိုးနီးယားရောဂါ) ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ဆေးလိပ် သောက်သုံးသူတွေနဲ့ ခုခံအားနည်းသူတွေမှာဆို ပိုပြီးဖြစ်လွယ်ပါတယ်။
ဒါကြောင့် လေပြွန်ရောင်တဲ့အခါ ဆရာဝန်နဲ့ သွားပြသင့်တဲ့အချိန်က
– ၂ ပတ်ထက်ကျော်ပြီး ချောင်းဆိုးတဲ့အခါ
– အိပ်မရအောင် ချောင်းဆိုးတဲ့အခါ
– အဖျား ၁၀၀ ကျော်ဖြစ်တဲ့အခါ
– သလိပ် အရောင်ပြောင်းတဲ့အခါ
– အသက်ရှူရကျပ်တဲ့အခါ
– ချောင်းဆိုးပြီး ရင်ခေါင်းနာကျင်လာတဲ့အခါမျိုးမှာပါ။
လေပြွန်မရောင်အောင် ဘယ်လိုကာကွယ်မလဲ။
– ဆေးလိပ်ဖြတ်ပါ။
– အဖျားပျောက်စေမယ့် ပိုးသတ်ဆေးသောက်ပါ။
– နှာခေါင်းစည်းအုပ်ပါ။
ဒီအချက်လေးတွေသိထားပြီးလိုက်နာမယ်ဆိုရင်တော့ လေပြွန်ရောင်တာကင်းဝေးမှာပါ။
Ref: fabiosa.guru/7-common-symptoms-of-bronchitis-and-how-to-pre…
May Moe (ရိုးရာလေး)