လှုပ်လှုပ်ရှားရှား မနေဘဲ အထိုင်များခြင်းက ကင်ဆာရောဂါ ဖြစ်နိုင်ချေပိုများ

29-6-2020-yyl-028.jpg

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ တချို့က ရုံးပြန်တက်နေကြရပြီး တချို့ကတော့ အိမ်ကနေအလုပ်လုပ်နေကြရတုန်းပါပဲ။ အိမ်ကနေအလုပ်လုပ်ရတာက ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကင်းဝေးနိုင်ပေမယ့် အခြားပြဿနာတော့ရှိနိုင်ပါတယ်။ အဲဒါကတော့ ကိုယ်လက်လှုပ်ရှားမှုမရှိတော့ဘဲ အထိုင်များလာကြတာပါပဲ။ ရုံးမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ထိုင်ရာကနေမထတော့ဘဲ ထိုင်ပြီးအလုပ်လုပ်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ အလုပ်လုပ်တဲ့အခါ အလုပ်ဖိအားများတာတွေက သင့်ကို ကိုယ်လက်လှုပ်ရှားမှုမဖြစ်ဘဲ အထိုင်များနေမှာပါ။ အလုပ်လုပ်နေစဉ်အတွင်းမှာ ထိုင်ခုံကနေ ဘယ်နှစ်ကြိမ်ထိုင်ဖြစ်လဲ။ သေချာပေါက် အလုပ်ထိုင်ခုံကထမိတဲ့အချိန်တွေက နေ့လည်စာစားတဲ့အခါနဲ့ သန့်စင်ခန်းသွားတဲ့ အခါတွေပဲ ဖြစ်မယ်ထင်ပါတယ်။ အဲဒီအချိန်တွေလောက်ပဲ အလုပ်ထိုင်ခုံကနေ ထဖြစ်တယ်ဆိုရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါပြီ..။

လေ့လာချက်

ဆေးဘက်ဆိုင်ရာ ဂျာနယ်တစ်ခုမှာ ပါဝင်တဲ့ လေ့လာချက်တစ်ခုက နာရီအကြာကြီးထိုင်တာနဲ့ ကင်ဆာကြောင့် သေဆုံးမှုကြားမှာ ခိုင်မာတဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုထားပါတယ်။ အခုလို ပြောလို့ ကြောက်မသွားပါနဲ့နော်။ ရိုးရှင်းတဲ့လူနေမှုပုံစံပြောင်းလဲမှုက လူတစ်ယောက်ကို ကယ်နိုင်တယ်လို့လည်း အဲဒီလေ့လာချက်မှာ အကြံပြုထားတဲ့အတွက်ပါ။ ရိုးရှင်းတဲ့လူနေမှုပုံစံ ပြောင်းလဲမှုမှာ နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု ရှိရမယ့်အချက်ပါဝင်ပါတယ်။ နေ့တိုင်း မိနစ် (၃၀) လောက် လှုပ်လှုပ်ရှားရှား နေပေးမယ်ဆိုရင် ကင်ဆာရောဂါဖြစ်နိုင်ချေ (၃၁) ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ပါတယ်။ လေ့လာတွေ့ချက်က အထိုင်မများဘဲနဲ့ ပိုပြီးလှုပ်လှုပ်ရှားရှားနေဖို့ အရေးကြီးတယ်ဆိုတာကို ထောက်ပြနေတယ်လို့ သုတေသီခေါင်းဆောင်က ဆိုပါတယ်။ လုပ်ငန်းခွင်ရောက်နေတဲ့သူတွေကတော့ အလုပ်ကို ပိုလုပ်ကြရပြီး အချိန်ဇယားတွေပြည့်နေတာကြောင့် မအားမလပ်ဖြစ်ကြရပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များနေတတ်ကြပါတယ်။ အလုပ်လုပ်တဲ့အခါ နာရီဝက်တစ်ခါလောက် ထိုင်ခုံကနေ ထပြီး အညောင်းညာပြေအောင် နည်းနည်းပါးပါး လမ်းလျှောက်ပေးသင့်ပါတယ်။

အလုပ်လုပ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုရှိအောင် ဘယ်လိုနေမလဲ

  • အလုပ်လုပ်နေတဲ့အခါ အချိန်အကြာကြီး တစ်နေရာတည်းမှာ ထိုင်မနေပါနဲ့။ ခဏထပြီး လမ်းလျှောက်ပေးသင့်ပါတယ်။
  • လှေကားတက်လိုက်ဆင်းလိုက်လုပ်ပြီး အလုပ်ကိစ္စဖုန်းပြောလို့ရပါတယ်။ ရေသောက်ဖို့သွားတဲ့အခါ၊ သန့်စင်ခန်းသွားတဲ့ အခါမျိုးမှာလည်း နည်းနည်းလောက် လမ်းလျှောက်ပေးလို့ရပါတယ်။

သုတေသီတွေက လေ့လာချက်အတွက် လူ (၈၀၀၀) ရဲ့လှုပ်ရှားမှုကို တစ်ပတ်ကျော်လောက် မှတ်တမ်းတင်ထားခဲ့ပါတယ်။ လှုပ်လှုပ်ရှားရှားမနေတဲ့ လူအများစုက အခြားသူတွေနဲ့ယှဉ်ရင် ကင်ဆာရောဂါဖြစ်နိုင်ချေ ၈၂ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

Ref: Sitting continuously for long hours can increase the risk of cancer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top