ဒေးဗစ်လုဇ်ရဲ့ ဖိတ်ခေါ်မှုကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာလို့ ဝီလျံ ဆို

19-8-2020-yyl-024.jpg

ချဲလ်ဆီးအသင်းဖော်ဟောင်း ဒေးဗစ်လုဇ်ရဲ့ ဖိတ်ခေါ်မှုကြောင့် အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာလို့ ဘရာဇီးတောင်ပံကစားသမား ဝီလျံက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဝီလျံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

” ဒေးဗစ်လုဇ်က ပျော်ပျော်နေတတ်သူပါ။ ဘရာဇီးအသင်းမှာ တွဲကစားဖူးသလို ချဲလ်ဆီးမှာလည်း တွဲကစားခဲ့ဖူးပါတယ်။ အခုတော့ အာဆင်နယ်မှာ ထပ်ဆုံပါပြီ။ ကျွန်တော်တို့ နှစ်ယောက်ပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့အရာတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူနဲ့ ထပ်မံဆုံစည်းခွင့်ရလို့ အရမ်းပျော်ပါတယ်။ သူက ကျွန်တော့်ကို အာဆင်နယ်အသင်းထံ ပြောင်းလာခဲ့ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ ချဲလ်ဆီးအသင်းမှာ ကျွန်တော် ဒုက္ခရောက်နေချိန်တုန်းက သူ အကြိမ်ကြိမ် ကူညီပေးခဲ့ဖူးပါတယ်”လို့ ဝီလျံက ပြောပါတယ်။ ဝီလျံဟာ အာဆင်နယ်အသင်းမှာ နံပါတ်(၁၂)ဂျာစီ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဝီလျံဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ ယူရိုပါလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတွေ ဆွတ်ခူးနိုင်ခဲ့သူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top