ဒိုင်ကို ဘောလုံးနဲ့ရိုက်မိလို့ ယူအက်စ်အိုးပင်းပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ဂျိုကိုဗစ်

9-9-2020-yyl47.jpg

ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဂျိုကိုဗစ်ဟာ စည်းကြပ်ဒိုင်ကို တင်းနစ်ဘောလုံးနဲ့ ရိုက်မိခဲ့လို့ အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အသက် ၃၃ နှစ်ရှိတဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကာရင်နိုဘူစတာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ စတုတ္ထအဆင့်ပွဲစဉ်မှာ စည်းကြပ်ဒိုင်ကို ဘောလုံးနဲ့ ရိုက်မိခဲ့တာပါ။ ဒီဖြစ်ရပ်အတွက် အချိန်တော်တော်ကြာ ဆွေးနွေးခဲ့ပြီးနောက်မှာတော့ ပြိုင်ပွဲကျင်းပရေးအရာရှိတွေက သူ့ကို ပြိုင်ပွဲဝင်နိုင်မယ့် အဆင့်မမီဘူးလို့ သတ်မှတ်ခဲ့တာပါ။

ကာရင်နိုဘူစတာနဲ့ပွဲမှာ (၆-၅)နဲ့ နောက်ကလိုက် ရိုက်နေရချိန်မှာ စပေးဘောရိုက်ခွင့် ဆုံးရှုံးသွားလို့ စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ ဂျိုကိုဗစ်က တင်းနစ်ဘောလုံးကို အနောက်ဘက် ရိုက်လိုက်ချိန်မှာ အမျိုးသမီးစည်းကြပ်ဒိုင်ရဲ့ လည်ပင်းကို ထိမှန်ခဲ့တာပါ။ တင်းနစ်ပြိုင်ပွဲမှာ စည်းကြပ်ဒိုင်၊ ဘောကောက်တို့ကို ဘောလုံးနဲ့ ရိုက်မိခဲ့ရင် ပြိုင်ပွဲဆက်ကစားဖို့ အဆင့်မမီဘူးလို့ ဆုံးဖြတ်ပြီး ပြိုင်ပွဲကနေ ထုတ်ပယ်လေ့ရှိပါတယ်။ ၁၉၉၅ ခုနှစ် ဝင်ဘယ်ဒန်အိုးပင်း အမျိုးသား ၂ ယောက်တွဲ ပြိုင်ပွဲမှာလည်း ဗြိတိန်တင်းနစ်သမား တင်ဟန်းမန်းက ဘောကောက်မိန်းကလေးကို ဘောလုံးနဲ့ မတော်တဆ ရိုက်မိခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရဖူးပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top