နှုတ်ခမ်းသားမဲညစ်သွားအောင် လုပ်မိနေတဲ့ အလေ့အကျင့်ဆိုးတွေ

19-10-2020-yyl-006.jpg

ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းသားလေးပိုင်ဆိုင်ထားတာကလည်း လူတစ်ယောက်ရဲ့ထင်ရှားတဲ့အလှတရားလို့ပြောလို့ရပါတယ်။ ပန်းရောင်သမ်းတဲ့နှုတ်ခမ်းသားက မိန်းကလေးတိုင်း၊ ယောကျာ်းလေးတိုင်းရဲ့မျက်နှာကို ကြည်ကောင်းသွားစေမှာပါ။ ဒါပေမဲ့ အဲဒီပန်းရောင်သမ်းတဲ့ နှုတ်ခမ်းမျိုးမဟုတ်ဘဲ နှုတ်ခမ်းညိုနေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ နှုတ်ခမ်းညိုသွားရတာက အသက်အရွယ်၊ နေလောင်ဒဏ်တွေလို့ အကြောင်းအရင်းတော်တော်များများက သင့်နှုတ်ခမ်းသားကို အချိန်ကြာလာတာနဲ့ မဲညစ်လာပြီး နှုတ်ခမ်းညိုသွားစေပါတယ်။ သင့် ကိုယ်တိုင်လုပ်မိတဲ့အလေ့အကျင့်ဆိုးတွေကလည်း နှုတ်ခမ်းညိုစေပါတယ်။ သင်က နှုတ်ခမ်းညိုသွားအောင် ဘာတွေလုပ်မိလဲ စဉ်းစားရခက်နေလား။ ဒီဆောင်းပါးမှာ ဖော်ပြပေးထားတဲ့ သင့်နှုတ်ခမ်းသားကို တဖြည်းဖြည်းချင်း မဲသွားစေတဲ့ အလေ့အကျင့်ဆိုးတွေက စဉ်းစားရခက်နေတာကို ဖြေရှင်းပေးပါလိမ့်မယ်။

နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်မပေးတာ

ခြောက်သွေ့ပြီး ကွဲအပ်တဲ့နှုတ်ခမ်းသားတွေက နှုတ်ခမ်းအရောင်ကို ပြောင်းသွားစေနိုင်ပါတယ်။ သင့်နှုတ်ခမ်းကို ပန်းရောင်သမ်းပြီး ကျန်းမာစေချင်တယ်ဆိုရင် ရေဓာတ်ဖြည့်ပေးဖို့ အရေးကြီးပါတယ်။ သင့်နှုတ်ခမ်းသားကို အာဟာရဓာတ်ဖြည့်ပေးတဲ့ အရည်အသွေးကောင်းတဲ့ နှုတ်ခမ်းအဆီကို သုံးပေးပါ။

နှုတ်ခမ်းက ဆဲလ်အသေတွေကို မဖယ်ရှားတာ

နှုတ်ခမ်းသားတွေက ကျွန်မတို့ရဲ့မျက်နှာမှာဆိုရင် အရေပြားအပါးဆုံးအစိတ်အပိုင်းဖြစ်တဲ့အတွက် ရေဓာတ် အလွယ်တကူဆုံးရှုံးကြပါတယ်။ နှုတ်ခမ်းမဲညစ်လာစေမယ့် နှုတ်ခမ်းခြောက်သွေ့တာကို ဖယ်ရှားပေးသင့်ပါတယ်။ အရေပြားဆဲလ်အသေတွေကြောင့်လည်း နှုတ်ခမ်းသားမဲညစ်လာစေနိုင်တဲ့အတွက် ဒါကို ဖယ်ရှားပြီး နှုတ်ခမ်းသား ကျန်းမာဖို့အတွက် နှုတ်ခမ်းသားကို ပုံမှန်ပေါင်းတင်ကာ ချေးချွတ်ပေးသင့်ပါတယ်။

နှုတ်ခမ်းသားအတွက် နေလောင်ဒဏ်လိမ်းဆီ မလိမ်းဖြစ်တာ

အသားရေအတွက် နေလောင်ဒဏ်လိမ်းခရင်မ်လိမ်းသလိုပါပဲ။ နှုတ်ခမ်းကိုလည်း နေလောင်ဒဏ်ကာကွယ်ပေးတဲ့ နှုတ်ခမ်းအဆီဆိုးပေးသင့်ပါတယ်။ နှုတ်ခမ်းသားကို နေလောင်ဒဏ်ကနေ မကာကွယ်ဖြစ်ဘူးဆိုရင် သင့်နှုတ်ခမ်းသားတွေကို မဲညစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သင့်နှုတ်ခမ်းကို မဲညစ်မသွားစေဖို့အတွက် SPF 30 ပါဝင်တဲ့ Lip Balm ကို သုံးပေးသင့်ပါတယ်။

ဆေးလိပ်သောက်တာ

နှုတ်ခမ်းသားမဲညစ်ရတာက ပုံမှန်ဆေးလိပ်သောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင် ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းက သင့်နှုတ်ခမ်းသားကို တဖြည်းဖြည်းနဲ့ အရောင်ပြောင်းသွားစေပြီး နောက်ဆုံးမှာ မဲညစ်သွားစေနိုင်ပါတယ်။

နှုတ်ခမ်းသားဂရုစိုက်မှု အားနည်းတာ

လူတော်တော်များများက အသားရေထိန်းသိမ်းကြပေမဲ့ နှုတ်ခမ်းသားထိန်းသိမ်းဖို့ကြတော့ လျစ်လျူရှုတတ်ကြပါတယ်။ ရေဓာတ်ဖြည့်ပေးတာကစလို့ ချေးချွတ်တာအထိ တစ်နေ့တာ အသားရေထိန်းသိမ်းနည်းမှာလည်း သင့်နှုတ်ခမ်းထိန်းသိမ်းတာလည်း ပါဝင်ပါတယ်။ နှုတ်ခမ်းသားမဲညစ်မသွားဘဲ ပန်းရောင်သမ်းနေစေဖို့ ညတိုင်း အယ်မွန်စေ့အဆီလိမ်းပြီး နှုတ်ခမ်းသားကို နှိပ်နယ်ပေးနိုင်ပါတယ်။ ပုံမှန် အဆီလိမ်းပြီး နှိပ်နယ်ပေးတာက နှုတ်ခမ်းသားက သွေးလည်ပတ်မှုကို ကောင်းစေပြီး နှုတ်ခမ်းသားလေး ကျန်းမာနေစေမှာဖြစ်ပါတယ်။

Ref: 5 habits that are making your lips dark

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top