Self-Isolation စည်းမျဉ်းကို ချိုးဖောက်ပြီး အပြင်လျှောက်သွားခဲ့လို့ ဒဏ်ရိုက်ခံခဲ့ရတဲ့ ကျောင်းသူလေး

28-10-2020-yyl-005.jpg

မန်ချက်စတာမြို့က ကာရီစ် အန် အင်ဂရမ် (Carys Ann Ingram) ဆိုတဲ့ အသက် (၂၂) နှစ်အရွယ် ကျောင်းသူလေးက Self-Isolation စည်းမျဉ်းအတိုင်းမနေဘဲ အပြင်ထွက်စားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးတဲ့နောက်မှာ စည်းမျဉ်းချိုးဖောက်ခဲ့တဲ့အတွက် ပေါင် (၆၆၀၀) ဒဏ်ငွေရိုက်ခံခဲ့ရပါတယ်။ ကာရီစ်က မန်ချက်စတာမြို့ကနေ ဂျာစီကို ရောက်တဲ့အချိန်မှာ စားသောက်ဆိုင်သွားတာ၊ သူငယ်ချင်းရဲ့အိမ်ကို သွားလည်တာ၊ ရှော့ပင်းထွက်တာတွေလုပ်ခဲ့ပြီး Quarantine ခံယူတာကို ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ကာရီစ်ကို ဂျာစီရဲ့ First Tower ရှေ့မှာရော သူ လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ St Quen’s Bay က စားသောက်ဆိုင်မှာလည်း မြင်တွေ့ခဲ့ရတာပါ။ ကာရီစ်ဟာ အောက်တိုဘာ ၁၂ ရက်နေ့က မိသားစုဆီအလည်သွားဖို့အတွက် မန်ချက်စတာမြို့ကနေ ဂျာစီကျွန်းနိုင်ငံကို လေယာဉ်နဲ့လာခဲ့ပြီး ဒုတိယမြောက်ရောဂါပိုးဆေးစစ်ချက်မရခင်အထိ သီးခြားနေထိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ မန်ချက်စတာမြို့ကနေ ရောက်ရှိပြီး (၃) ရက်မြောက်နေ့မှာ ကာရီစ်ကို St Helier မှာ ဈေးဝယ်ထွက်တာကို မြင်တွေ့ခဲ့ရတာပါ။ အဲဒီနောက် လေယာဉ်ပေါ်မှာ သူနဲ့အနီးကပ်ထိုင်ခဲ့တဲ့ တစ်စုံတစ်ယောက်က ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့အတွက် သူ့ကို ဆက်သွယ်လုပ်ခဲ့ပြီး သီးခြားနေထိုင်ဖို့နဲ့ ရောဂါပိုးရှိမရှိစစ်ဆေးရမယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

အာဏာပိုင်တွေက သူ့အိမ်လိပ်စာနဲ့ အိမ်ထိ သွားရောက်ဆက်သွယ်ခဲ့ပေမဲ့ အိမ်မှာမတွေ့ခဲ့ပါဘူး။ ကာရီစ်က ဈေးဝယ်ထွက်တာ၊ စားသောက်ဆိုင်မှာ ညစာစားတာ၊ သူငယ်ချင်းရဲ့အိမ်အလည်သွားတာ၊ အိမ်မှာရှိမနေတာ စတဲ့စည်းမျဉ်းကို (၄) ကြိမ်ချိုးဖောက်ခဲ့တာပါ။ ဒါကြောင့် နောက်ဆုံးမှာတော့ သူ့ကို Contact Tracing Team က ခြေရာခံပြီး ဖမ်းဆီးခဲ့ပါတယ်။ သူက Self-Isolation စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင်း တရားရင်ဆိုင်ခဲ့ရပါတယ်။ ကာရီစ်ကို ပထမဆုံးစည်းကမ်းချိုးဖောက်မှုအတွက် ပေါင် (၆၀၀) နဲ့ နောက်ဆက်တွဲစည်းကမ်းချိုးဖောက်မှု (၃) ကြိမ်အတွက် ပေါင် (၆၀၀၀) အားလုံးစုစုပေါင်း ပေါင် (၆၆၀၀) ဒဏ်ရိုက်ခံခဲ့ရတဲ့အပြင် (၂၄) ပတ် အကျဉ်းချခံခဲ့ရပါတယ်။

Ref: Dailymail “Student, 22, is fined £6,600 for breaking self-isolation rules after posting a picture of herself eating out which contact tracers spotted and then sent police to ARREST her”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top